နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသံထက်မြန်သော လေယာဉ်ပျံထုတ်လုပ်ရန် Boeing ကုမ္ပဏီ မျှော်မှန်း

နယူးယောက်  ဇန်နဝါရီ    ၈


Popular Mechanics ၏ ဖော်ပြချက်အရ Boeing ကုမ္ပဏီမှ အသစ်ထုတ်လုပ်နေသော မြန်နှုန်းမြင့် လေယာဉ်ကို အသံထက် ငါးဆမြန် နိုင်ရန် ကုမ္ပဏီက မျှော်မှန်းထား ကြောင်း သိရသည်။ ယခုလေယာဉ် သည် အမြန်နှုန်း မက်ခ် ငါးအထိ ပျံသန်းမည်ဖြစ်ပြီး မက်ခ် သုံးအထိသာ ပျံသန်းနိုင်သော SR-71 Blackbird ကို အစားထိုးမည့် မြန်နှုန်းမြင့်လေယာဉ် ဖြစ်လာနိုင်သည်။ 


အသံထက်မြန်သော လေယာဉ်၏ အယူအဆနှင့် အမျိုးအစားများကို Boeing က ယခုတစ်ပတ်အတွင်း ပြုလုပ်သော AIAA SciTech အာကာသ ယာဉ်များ ဖိုရမ်တွင် ထုတ်ဖော်ပြသ ထားပြီးဖြစ်သည်။ Boeing ကုမ္ပဏီ သည် အဆိုပါလေယာဉ်ကို ValkyrieII ဟု အမည်ပေးထားပြီး လေယာဉ်နှင့် ပတ်သက်သည့် မည်သည့်အချက် အလက်ကိုမှ ထုတ်ပြန်ခဲ့ခြင်းမရှိသေး သည့်အပြင် လက်ရှိတွင် လေယာဉ် ပုံစံရေးဆွဲနေဆဲအဆင့်တွင်သာ ရှိသေး ကြောင်း ပြောကြားထားသည်။ 


Valkyrie II လေယာဉ်ကို ၂၀၁၈ ခုနှစ်ကတည်းကထုတ်လုပ်ရန် စီစဉ်ခဲ့ ခြင်းဖြစ်ပြီး ခရီးသည်တင်လေယာဉ် အဖြစ်အသုံးပြုမည်ဖြစ်ကာ ပုံမှန် အားဖြင့် ခုနစ်နာရီနီးပါးကြာသော လန်ဒန်နှင့် နယူးယောက်လေယာဉ်ခရီး သွားချိန်ကို နှစ်နာရီတည်းဖြင့် အရောက် သွားနိုင်မည်ဖြစ်သည်။

(Ref: Yahoo)






အခြားဆက်စပ်သတင်းများ