နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးနှစ်မျိုးမှာ ကမ္ဘာလုံးဆိုင်ရာ အရေးပါ

ပေကျင်း   ဇန်နဝါရီ    ၈


တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး  Sinopharm နှင့် Sinovac ထိုးဆေးပမာဏ သန်း ၁၈၀ ကျော်ကို COVAX ကာကွယ်ဆေး အစီအစဉ်မှတစ်ဆင့် နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ တင်ပို့နိုင်ခဲ့သဖြင့်  ၎င်းကာကွယ်ဆေးများသည် ကိုယ်ခံ စွမ်းအားမြှင့်တင်ရန်နှင့် အသက်ကယ် တင်ခြင်းတွင် ကမ္ဘာလုံးဆိုင်ရာအရေးပါ သောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးတန်းအရာရှိတစ်ဦးက ပြော သည်။  


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်၏ အကြီးတန်း အကြံပေး ဘရုစ့်အွိုင်းလက်က ပြောရာ တွင်  တရုတ်နိုင်ငံရှိ ကာကွယ်ဆေး နှစ်မျိုးသည် နိုင်ငံတကာကိုတင်ပို့နေ သည့် ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြား သည်။ 


COVAX ကာကွယ်ဆေးအစီအစဉ် ဆိုသည်မှာ WHO က ဦးဆောင်သည့် နိုင်ငံတကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့လှုပ်ရှားမှု အစီအစဉ်ဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် Sinopharm နှင့် Sinovac နှစ်မျိုးလုံးကို WHO ၏ အရေးပေါ်အသုံးပြုမှုစာရင်း၌ ၂၀၂၁ ခုနှစ်ကတည်းက အတည်ပြုထည့်ထား ခြင်းဖြစ်သည်။ 


တရားဝင် ကိန်းဂဏန်းများအရ COVAX အစီအစဉ်ဖြင့် နိုင်ငံပေါင်း ၁၄၄ နိုင်ငံသို့ ဆေးပမာဏ ၉၅၉  သန်း တင်ပို့ထားသည်။             (Ref: BBC)






အခြားဆက်စပ်သတင်းများ