နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပေး

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင် ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မိရိုးဖလာစိုက်ပျိုးရေးစနစ်မှ ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။


စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလက ဓားမဦးချ၊ မိရိုးဖလာ စိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်လာကြရာ အကြောင်းအမျိုးမျိုး သောအခက်အခဲများ ခေတ်မမီသည့်စိုက်ပျိုးရေး၊ နည်းစနစ်များ ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှုနှေးကွေးခဲ့သည်။


နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထားအား ပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ ရှင်သန်ရပ်တည်မှုသည် ရှေးယခင်ခေတ်များနှင့်မတူ တိုးတက် ကောင်းမွန်လာ၏။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ခေတ်မီ မြေယာစနစ်ပြုပြင်ပေးနိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စက်အင်အား၊ ဓနအင်အားတို့ ပါဝင်လာမည်ဖြစ်သည်။


ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဧကကွက်၊ ဟက်တာကွက်၊ လယ်ယာမြေများပေါ်ထွန်းလာရေးအတွက် အကူအညီအထောက် အပံ့များလိုအပ်မည်မှာ အမှန်ဖြစ်သည်။ ယခုအခါ မြန်မာ့လယ်ယာ ကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်သည်။ စက်မှုလယ်ယာမြေစနစ်ဖော်ထုတ်ရာတွင်       တိုင်း ဒေသကြီး၊  ပြည်နယ်အားလုံးပျံ့နှံ့ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။


တောင်သူလယ်သမားများ လက်တွေ့ကျကျဝင်ငွေတိုးတက် ရရှိခံစားနိုင်ရန်နှင့်ရေရှည်တည်တံ့ရန်အတွက် ခေတ်မီစက်မှု လယ်ယာမြေစနစ်ထူထောင်ရေးကို မဖြစ်မနေဆောင်ရွက်ကြရ မည်ဖြစ်ရာ သက်ဆိုင်ရာများက တက်ညီလက်ညီဆောင်ရွက်ပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ပေသည်။


တောင်သူလယ်သမားများအနေဖြင့် မိမိတို့မိသားစုများ ဝင်ငွေ တိုးပွားလာမည့်အခြေအနေ၊ အချိန်အခါကောင်းများကို ထိထိမိမိ အသုံးချကာ ခေတ်မီစက်မှုလယ်ယာစိုက်ပျိုးရေးစနစ် အပြည့်အဝ ပေါ်ထွန်းလာရေးအတွက်    ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပေသည်။






အခြားဆက်စပ်သတင်းများ