နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာနိုင်ငံသို့ နှစ်စဉ်မြန်မာ့ဆန်တင်ပို့ရောင်းချနိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်၊ ဇန်နဝါရီ ၉

 

မြန်မာနိုင်ငံက သီရိလင်္ကာ နိုင်ငံသို့ G to G အစီအစဉ်ဖြင့် နှစ်စဉ်ဆန်ဖြူတန်ချိန် တစ်သိန်း နှင့် ပေါင်းဆန်တန်ချိန် ငါး သောင်း တင်ပို့ရောင်းချနိုင်ရေး အတွက် မြန်မာနိုင်ငံ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့ အကြား  နှစ်နိုင်ငံသဘောတူ စာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးပွဲကို  Virtual စနစ်ဖြင့် ယမန်နေ့က ပြုလုပ် သည်။


မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ် ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည် များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် ယခုကဲ့သို့   ချုပ်ဆိုခြင်းဖြစ် ကြောင်း သိရသည်။


ဆန်ရောင်းဝယ်မှုကို မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်နှင့်             သီရိလင်္ကာနိုင်ငံ Sri Lanka State Trading(General) Corporation တို့က အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။


               မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ