နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၉


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေး မှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဘဲတန်းချောင်း ပြန်လည်တူးဖော်ဖောက်လုပ်ပြီးစီးမှု၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ပြည်သူ့အငှား အိမ်ရာစီမံကိန်း တည်ဆောက် နေမှု၊ အမှတ် ၇ လမ်း တိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ် ဘုရင့်နောင်လမ်းတိုးချဲ့ ကွန်ကရစ် ခင်းကျင်းနေမှုနှင့် သင်္ဃန်းကျွန်းမြို့နယ် ကွန်ကရစ် ဖျော်စက်များ ကြံ့ခိုင်ကောင်း မွန်ရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၇ ရပ်ကွက်၊ Sport Complex အတွင်း အင်ဂျင်နီယာဌာန(ရေ စီးရေလာစီမံခန့်ခွဲမှု)က ဘဲတန်း ချောင်း၏ ကောက်ကွေ့သည့် ချောင်းလမ်းကြောင်းကို တစ် ဖြောင့်တည်း ဖြစ်စေရန်တူးဖော် ဖောက်လုပ် ပြီးစီးသဖြင့် Excavator ယန္တရားယာဉ်ဖြင့် ချောင်းကမ်းနံရံများ မြေညှိနေမှု ကို ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ မှာကြားသည်။ 


အဆိုပါ ဘဲတန်းချောင်း သည် Sport Complex ကို ဖြတ်သန်း စီးဆင်းလျက်ရှိရာ ကွေ့ကောက်နေသည့် ဘဲတန်း ချောင်းအပိုင်း အရှည် ၃၉၀၀ ပေအား တစ်ဖြောင့်တည်း အရှည် ၃၃၀၀ ပေ  ရရှိ အောင် ပြန်လည်တူးဖော် ဖောက်လုပ်ခြင်းဖြင့်ချောင်း ကို ရေတိုက်စားမှုသက်သာ စေပြီး Sport Complex နှင့် ပတ်ဝန်းကျင် ရပ်ကွက် များကို ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။ 


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းလုပ်ငန်း ခွင်သို့ သွားရောက်၍ အိမ်ရာ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။ 


ယခု တည်ဆောက်လျက်ရှိ သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှာ ပြည်သူများအလုပ် အကိုင်ရရှိရေးနှင့် ဝင်ငွေနည်း ပြည်သူများနေရေး ဖြေရှင်းပေး နိုင်ရန်အတွက် အခန်း ၁၀၀၀၀ စီမံကိန်းဆောင်ရွက်ရန် မူဝါဒ အရ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်တွင် ၇၀၄ ခန်း၊ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ်တွင် ၆၂၈၈ ခန်းနှင့် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် တွင် ၃၀၀၈ ခန်း ဆောင်ရွက် လျက်ရှိသည်။


ပြည်သူ့အငှားအိမ်ရာ စီမံ ကိန်း (ရန်ကုန်)သည် ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂ လမ်းနှင့် အမှတ် ၇ မြို့ပတ်လမ်းဆုံမှ သရက်ပင် ချောင်း ရွာသွားလမ်းရှိမြေ ဧရိယာ ၁၇၁ ဧကတွင်ဆောင် ရွက်လျက်ရှိပြီး ပထမအဆင့် အဖြစ် အဆောက်အဦ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ချုပ် (MCEF) နှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) တို့မှ အဆောက်အဦများ ၉၇ လုံးစီ ခွဲဝေ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၄၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ အဆောက်အဦ ပြီးစီးသည်နှင့် ပြည်သူများအသင့် နေထိုင်နိုင်ရေးအတွက်လမ်း၊ ရေ၊ လျှပ်စစ်မီး စသည့်အခြေခံ အဆောက်အအုံ လိုအပ်ချက် များနှင့် စိမ်းလန်းမြေနေရာများ ကို တစ်ပြိုင်တည်း အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဆောင်ရွက် လျက်ရှိသော ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်၊ အမှတ် ၂ လမ်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဘုရင့်နောင်လမ်းအကြား အမှတ် ၇ လမ်းမကြီး မူလအရှည် ၁၁၁၃၇ ပေ၊ အကျယ် ၂၂ ပေ လမ်းကို အကျယ် ၄၆ ပေ (၄)လမ်းသွားရရှိအောင် တိုးချဲ့ ကွန်ကရစ် ခင်းကျင်းနေမှု၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဘုရင့်နောင်လမ်း မူလ ၂၄ ပေ အကျယ်လမ်းကို ၄၈ ပေ အကျယ် လေးလမ်းသွားအရှည် ၁၇၀၀ ပေလမ်း ပိုင်းကို ဝဲ/ယာနှစ်ဖက်တိုးချဲ့၍ ထု ၁၁ လက်မ ကွန်ကရစ် ခင်းကျင်း ပြီးစီးမှုနှင့် အမှတ် ၇ မြို့ပတ် လမ်းဆုံမှ လေးထောင့်ကန်ရပ် ကွက်အထိ အရှည် ၉၄၄၅ ပေရှိ နှစ်လမ်းသွားလမ်းကို ၄၈ ပေ အကျယ် လေးလမ်း သွား တိုးချဲ့၍ ကွန်ကရစ် ခင်းကျင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လမ်းဝဲ/ယာရှိ မြက်ပင်ချုံနွယ်များနှင့် အရိပ်ရ ပင်များ၏ အုပ်မိုးကိုင်းများ ရှင်းလင်း၍ လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်သွားရန်နှင့် ရေစီး ရေလာကောင်းမွန်ရေး ဆောင် ရွက်သွားရန် မှာကြားသည်။ 


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် ဘုရင့်နောင်လမ်း နှင့် အမှတ် ၂ လမ်းဆုံရာသို့ သွားရောက်၍ သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် လမ်းဆုံ တြိဂံကျွန်းတွင် မြေယာရှုခင်း များ ဆောင်ရွက်ရေး၊ လေးလမ်း သွားလမ်းမှ ခြောက်လမ်းသွား လမ်းပေါ် ဆက်သွယ်သည့်နေ ရာဖြစ်၍ ယာဉ်များ ဝင်ထွက် လမ်း ကောင်းမွန်ရေး ဆောင် ရွက်သွားရန် မှာကြားသည်။ 


အဆိုပါ အမှတ် ၇ (မြို့ ပတ်) လမ်းမကြီးနှင့် ၎င်းနှင့် ဆက်စပ်နေသော ဘုရင့်နောင် လမ်း၊ ပဲခူးမြစ်လမ်းတို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် များအတွင်း အဓိကဆက်သွယ် ရေး လမ်းကြောင်းများဖြစ်ခြင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်း ပြည်သူ့အငှား အိမ်ရာ စီမံကိန်းနှင့် မြို့သစ်စီမံကိန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်အတွင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စီမံကိန်းဇုန်နှင့် စီးပွားရေး အဆောက်အအုံများရှိခြင်းတို့ကြောင့် ရန်ကုန်မြို့၏ အရှေ့ မြောက် နယ်မြေအတွင်း ရေရှည် တည်တံ့သည့် မြို့ပြဖွံ့ဖြိုးမှုကို အတွက်စနစ်တကျ အကောင် အထည်ဖော်နိုင်ရေးလမ်းပန်း ဆက်သွယ်ရေးနှင့် အခြားဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဟန်ချက်ညီ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။ 


ဆက်လက်၍မြို့တော်ဝန် နှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ အင်ဂျင်နီ ယာဌာန (လမ်းနှင့်တံတား) ကွန်ကရစ်ဖျော်စက်သို့ သွား ရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းတံတားဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ရာတွင်လိုအပ် သည့်  ကတ္တရာ ကွန်ကရစ်၊ ဘိလပ်မြေ ကွန်ကရစ်၊ စင်္ကြံ ဘလောက်တုံးများ ထုတ်လုပ် ပေးနိုင်ရေးအတွက် ကတ္တရာ ကွန်ကရစ်  ဖျော်စက်၊ ဘိလပ် မြေ ကွန်ကရစ် ဖျော်စက်၊ စင်္ကြံ ဘလောက်တုံး ထုတ်လုပ်သည့် စက်များ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်သွားရန်နှင့် ယခု ပွင့်လင်းရာသီတွင် ရန်ကုန်မြို့ ၏ အဓိက လမ်းမကြီးများကို တိုးချဲ့ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်လျက်ရှိရာ လိုအပ် သော လမ်းခင်းကွန်ကရစ် အချိန်မီ ထုတ်လုပ်ပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားရန် မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ