နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိပိဋကဓရ တိပိဋကကောဝိဒစာဖြေသံဃာတော်များ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ ဖူးမြော်ကြည်ညို

ရန်ကုန် ဇန်နဝါရီ ၉


သာသနာရေးနှင့်ယဉ်ကျေး မှု ဝန်ကြီးဌာနက ကြီးမှူးကျင်းပ သည့် ၇၄ ကြိမ်မြောက် တိပိဋ ကဓရ တိပိဋကကောဝိဒ ရွေး ချယ်ရေး (သဘောရေးဖြေ)စာမေးပွဲကို ရန်ကုန်မြို့၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ် တော်ကြီး၌ ဇန်နဝါရီ ၅ ရက်မှ စတင်ကျင်းပရာယနေ့ မွန်းလွဲပိုင်း‌က စာမေးပွဲဖြေဆို လျက်ရှိကြသော စာဖြေသံဃာ များအား ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးလှစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူ များက ဖူးမြော် ကြည်ညိုကြ သည်။ 


ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်း သော နဝကမ္မအလှူတော်ငွေ ကျပ် လေးဆယ့်တစ်သိန်းကို ဝန်ကြီး ချုပ်၊ ဒုတိယ ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆက လေးပါး၊ ကြီးကြပ်လေးပါးနှင့် စာဖြေသံဃာ ၉၂ ပါးတို့အား တစ်ပါးချင်း ဆက်ကပ် လှူဒါန်း သည်။


ယနေ့ ကျင်းပသည့် ၇၄ ကြိမ်မြောက် တိပိဋကဓရတိပိဋ ကကောဝိဒရွေးချယ်ရေး(သဘော ရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ (နောက်ပိုင်း) ခြောက်ပါး၊ အဘိ ဓမ္မာ(ရှေ့ပိုင်း) ခြောက်ပါး၊ဒီဃ နိကာယ် ၂၇ ပါး၊ ဝိနည်း (နောက် ပိုင်း) ၅၃ ပါး၊ ဝိနည်း (ရှေ့ပိုင်း) ၈၇ ပါး၊ စုစုပေါင်း စာဖြေသံဃာ ၁၇၉ ပါး ဝင်ရောက် ဖြေဆိုကြ သည်။


အဆိုပါ ၇၄ ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ)စာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ် တော်ကြီး၌ ဇန်နဝါရီ  ၅ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။   

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ