နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

မြင်းခြံ ဇန်နဝါရီ ၈


မြင်းခြံခရိုင်အတွင်း ကျေးရွာ ၁၁ ရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာဘတ်ဂျက်ကာလ အတွင်း ပြည်ထောင်ရန်ပုံငွေ ကျပ်သန်း ၂၄၄ဒသမ၀၀၉ ဖြင့် ကျေးလက် ရေရှိရေးမူလလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။


မြင်းခြံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ငါန်းဇွန်မြို့နယ် သပြေကန်ကျေးရွာတွင် အကျယ် ၄ လက်မ PVC အနက် ၆၀၀ပေရှိ စက်ရေတွင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့် ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ရေလည်သောင်(န) ကျေးရွာတွင် အကျယ် ၄လက်မ အနက် ၄၀၀ပေရှိ စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊   တောင်သာမြို့နယ် ကျောက်ကာတောင်ကုန်းနှင့် အေးချမ်းသာကျေးရွာတို့တွင် အကျယ်၄လက်မ GI အနက် ၈၀၀ပေရှိ စက်ရေတွင်းနှင့် အခြားဆက်စပ် လုပ်ငန်းများ၊ အောင်သပြေကျေးရွာတွင်  ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်၊ ရေစက်ရုံတည်ဆောက်ခြင်း၊ အုတ်ရေကန်နှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း၊ နွားထိုးကြီးမြို့နယ် ထနောင်းပင်လဲ၊ မျက်ရှု ကျေးရွာတို့တွင် အကျယ်၄လက်မ (GI) အနက် ၅၀၀ပေရှိ စက်ရေ တွင်း၊ ဂါလန် ၂၄၀၀ ဆံ့စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ သင်းတရားကျေးရွာတွင် အကျယ်၄လက်မ (PVC) အနက် ၄၀၀ပေ ရှိစက်ရေတွင်း၊ ဂါလန် ၂၄၀၀ ဆံ့စင်မြင့်ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ မြင်းခြံမြို့နယ်ဂွေးတောက်ပင် + တောရိုးနှင့် ရွာသာယာကျေးရွာတို့တွင် ရေပိုက်လိုင်းသွယ်တန်း ခြင်း၊ ဂျုပ်ပင်ကျေးရွာ အကျယ်၄လက်မ (PVC) အနက် ၄၀၀ပေရှိစက်ရေတွင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း များအား ဒီဇင်ဘာလမှ စတင်ခဲ့ရာ ၆၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။                     

ချစ်ဦးကို






အခြားဆက်စပ်သတင်းများ