နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မဲမြို့နယ် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

အိမ်မဲ  ဇန်နဝါရီ   ၉


အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ပန်းခင်းစီမံ ချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက်ကွင်းဆင်းဆောင် ရွက်ပေးကာ ဦးစီးဌာနရုံးတွင်လည်း ဆောင်ရွက်ပေးသည်။


"အိမ်မဲမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ကျေးရွာအုပ်စု ၉၇ အုပ်စု မှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ  ၆၇၉၇ ဦး (လျာထား)ရှိတဲ့အနက် မြို့နယ်လဝကရုံးမှ ပန်းခင်းစီမံချက်နဲ့၂၀၂၁ ခုနှစ်မေ ၃ ရက်ကစတင်ပြီး ယနေ့အထိမြို့ပေါ် ၅ ရပ် ကွက်နဲ့ ကျေးရွာအုပ်စု ၉၅ အုပ်စုက နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် ၁၆ နှစ်၊ အသက် ၁၈ နှစ်၊ ၁၈ နှစ်အထက် စုစုပေါင်း  ၄၂၆၆ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း  ၆၁၀ ခု ရာခိုင်နှုန်းအားဖြင့် ၆၂ ဒသမ ၇၆ ရာခိုင်နှုန်းထိဆောင်ရွက်ပြီးစီးကြောင်း" မြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ (လဝက) ဦးစီးမှူး ဦးအောင်နိုင်ဦးပြောကြားသည်။


အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့်ကျေးရွာများ အရောက်ကွင်းဆင်း အဖွဲ့နှစ်ဖွဲ့ဖြင့်ဆောင်ရွက်ကာ ဦစီးဌာနရုံးတွင်လည်း ပန်းခင်းစီမံ ချက်နဲ့အညီ နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေး နှင့်လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့ အညီ ကိုက်ညီသူများကို ဆောင်ရွက်ပေးကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ