နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင်စတင်ဆောင်ရွက်

ရန်ကုန်    ဇန်နဝါရီ    ၉


ပုဂံသဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးစီမံကိန်းဖွင့်ပွဲကို ယမန် နေ့က ဘုရားပရိဝုဏ်အနီးတွင် ကျင်းပသည်။

အဆိုပါ ဘုရားပြုပြင်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှစေလွှတ်သည့် ပုဂ္ဂိုလ်လေးဦးပါဝင်သောလုပ်ငန်း အဖွဲ့သည် ရန်ကုန်မြို့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလရောက်ရှိကြပြီး Quarantine ဝင်ရောက်ကာ ပုဂံသို့သွားရောက်၍ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ မြန်မာနိုင်ငံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး            ဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ပုဂံဌာနခွဲက တာဝန်ရှိသူများနှင့် ဆွေးနွေးကြပြီး  အဖွဲ့သည် သဗ္ဗညုဘုရားစီမံကိန်းနေရာသို့ သွားရောက်ကြပြီး ၂၀၁၉ ခုနှစ်တွင် ပြီးခဲ့သည့်အရေးပေါ်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ်စစ်ဆေးကြ သည်။


၂၀၁၆ ခုနှစ် ဩဂုတ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား အပါအဝင် စေတီပုထိုးများ ရာနှင့်ချီ၍ ထိခိုက်မှုရှိခဲ့ရာ မြန်မာနိုင်ငံ၏                သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ်              ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသန ဌာနက အဖွဲ့အစည်းများအပါအဝင် ပညာရှင်များသည် ပုဂံသို့ အကြိမ်ကြိမ်လာရောက်လေ့လာပြီး စေတီပုထိုးများပြုပြင် ထိန်းသိမ်းရေးအတွက် အစီအစဉ်များချမှတ်ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေး စာလွှာကို  တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။                                                                    

      CN-014






အခြားဆက်စပ်သတင်းများ