နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ ရှီအန်း ကိုဗစ်တိုက်ဖျက်ရေး သေရေးရှင်ရေး အနေအထားဖြစ်

ပေကျင်း၊  ဒီဇင်ဘာ ၃၁ 


တရုတ်နိုင်ငံ ရှီအန်းမြို့တွင် ဒီဇင်ဘာ  ၃၀ ရက်က ကိုဗစ်-၁၉ ကူးစက်မှုသစ် ၁၅၅ ခုတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါတိုက် ဖျက်ရေးသည် သေရေးရှင်ရေးအနေ အထားရောက်နေကြောင်း ရှီအန်းမြို့၊ အုပ်ချုပ်ရေးအရာရှိ မစ္စတာ ကျန်ဖန်ဟူ ကပြောသည်။ 


လူဦးရေ ၁၃ သန်းရှိသော ရှီအန်းမြို့ ကို လော့ဒေါင်းချထားသည်မှာ ၁၃ ရက် ကြာပြီဖြစ်သော်လည်း ကူးစက်မှုများမှာ ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်ကြောင်းသိရ သည်။ 


ကမ္ဘာ့အကြီးမားဆုံး မန်မိုရိချစ်ပ် ထုတ်လုပ်သည့် လုပ်ငန်းကြီးများဖြစ် သည့် Samsung Electronics နှင့် Micron Technology တို့က မြို့ကိုလော့ ဒေါင်းပိတ်ဆို့ထားခြင်းကြောင့် ထိုဒေသ မှ ချစ်ပ်ထုတ်လုပ်မှုကိုထိခိုက်မည်ဖြစ် ကြောင်း သတိပေးထားသည်။ ရှီအန်း တွင် ကူးစက်မှုကိုခြေရာခံရန် တစ်မြို့ လုံးကို စစ်ဆေးမှုအကြိမ်ကြိမ်ပြုလုပ် ခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် တစ်မြို့လုံးကို ရောဂါရှာဖွေစစ်ဆေးခြင်းကို ဒီဇင်ဘာ ၃၀ ရက်က ထပ်မံပြုလုပ်ခဲ့သည်။  


အခြားနိုင်ငံများမှ ကူးစက်မှုများနှင့် ယှဉ်လျှင် ရှီအန်းမြို့၏ ကူးစက်မှုသည် အရေအတွက်မများသော်လည်း အာဏာ ပိုင်များသည် တင်းကျပ်သည့် ခရီးသွား လာမှုစည်းကမ်းများကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက ချမှတ်ထားကာ ကူး စက်မှုများကို  အမြန်ဆုံးထိန်းချုပ်ရန် တရုတ်အစိုးရကို ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ