နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် လူမည်းများ အလုပ်လက်မဲ့ပြဿနာ ပိုမိုရင်ဆိုင်နေရ

နယူးယောက်၊  ဒီဇင်ဘာ ၃၁


ကိုဗစ်-၁၉   ကပ်ရောဂါဖြစ်ပြီး နောက်ပိုင်း အမေရိကန်၏ အလုပ်လက် မဲ့နှုန်းမှာ ပြန်လည်ကျဆင်းလာသော် လည်း အမေရိကန်ရှိ လူမည်းများမှာမူ အလုပ်လက်မဲ့ပြဿနာနှင့် ဆက်လက် ရင်ဆိုင်နေရဆဲပင်ဖြစ်ကြောင်း သိရ သည်။ 


ယခုကဲ့သို့ လူဖြူများနှင့် လူမည်း များအကြား အလုပ်လက်မဲ့ ကွာဟချက် သည် အလုပ်လက်မဲ့သူများ အကြား တွင် လူမျိုးရေးရာခွဲခြားမှုများကို အမြဲအလေး ထားလေ့ရှိသည့် စီးပွားရေးပညာရှင် များအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် ဖြစ်နေကြောင်း  စီးပွားရေးမူဝါဒ အစီအစဉ်ကျောင်းတစ်ခုတွင် ညွှန်ကြား ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေ သော ဗဲလာရီးဝီလ်ဆင်က ပြောသည်။ 


လူမည်း အမေရိကန်များသည် အလုပ်ရရှိမှုနှင့်  ပတ်သက်ပြီး ခွဲခြား ဆက်ဆံခံရသည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်တစ်ခုအရ  လူမည်း အမေရိကန်များအနေဖြင့် ယင်းတို့၏ အလုပ်လျှောက်လွှာတွင်  လူမည်း အမေရိကန်များဖြစ်ကြောင်းကို ထည့် သွင်းဖော်ပြခြင်းမရှိပါက အလုပ်ရနိုင် ခြေပိုမိုမြင့်မားကြောင်း သိရသည်။  


အထက်တန်းကျောင်း အောင်မြင်ပြီး သော ဘွဲ့ရလူမည်း အမေရိကန်အလုပ် လက်မဲ့မှုပမာဏသည် ဘွဲ့ရအမေရိ ကန် အလုပ်လက်မဲ့ဦးရေထက်နှစ်ဆ ခန့်ပိုများကြောင်း စီးပွားရေးပညာရှင် များက ပြောသည်။

(Ref: BBC)






အခြားဆက်စပ်သတင်းများ