နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
North Sea ရေနံကုမ္ပဏီများ ပိုလျှံဝင်ငွေ အခွန်ဆောင်ရနိုင်ချေရှိ

လန်ဒန်၊  ဒီဇင်ဘာ ၃၁


မြင့်တက်လာသည့် ရေနံစျေးနှုန်း များကြောင့် အကျိုးအမြတ်အဆမတန် ရရှိနေကြသည့် North Sea ရေနံထုတ် လုပ်ကုမ္ပဏီများသည် ပိုလျှံနေသော ဝင်ငွေများအပေါ် အခွန်ဆောင်ရနိုင်ချေ ရှိကြောင်း သိရသည်။  


ရေနံစျေးနှုန်းများ မြင့်တက်လာခြင်း ကြောင့်  စိန်ခေါ်မှုများစွာကိုရင်ဆိုင် နေရသော ဗြိတိန်နိုင်ငံရှိ အိမ်ထောင်စု များကို ယင်းအခွန်ငွေများဖြင့်ထောက်ပံ့ မှုများပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဗြိတိန်အစိုးရက ကြေညာထားသည်။ 


ဗြိတိန်အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာ စွမ်းအင်ပြဿနာဖြစ် ပေါ်မလာစေရန် အရေးပေါ်စီမံချက်များ ချမှတ်ရေး ဖိအားပေးခံနေရပြီး ထိုကဲ့သို့ ဆောင်ရွက်ခြင်းမပြုပါက   တစ် အိမ်ထောင်လျှင် တစ်နှစ်ကို စွမ်းအင် အသုံးပြုခ စတာလင်ပေါင် ၂၀၀၀ အထိကုန်ကျနိုင်ကြောင်း၊ ထို့ကြောင့် North Sea ရေနံထုတ်ကုမ္ပဏီများကို အခွန်ပေးဆောင်စေခြင်းဖြင့် စတာလင် ပေါင် ဘီလီယံချီရရှိနိုင်သဖြင့် အခွန် ကောက်ခြင်းများ ဆောင်ရွက်ရန် အစိုးရ ကို ဖိအားပေးလျက်ရှိသည်။ 


၂၀၀၈ စီးပွားရေးကျဆင်းမှုနောက် ပိုင်း North Sea ရေနံကုမ္ပဏီများသည် နိုင်ငံတကာတွင် ရေနံစျေးမြင့်တက် လာပြီးနောက် အကြီးမားဆုံးအကျိုး အမြတ်ရရှိလာပြီး ဗြိတိန်နိုင်ငံအတွင်း အိမ်ထောင်စုများကလည်း စံချိန်တင်မြင့် တက်လာသော စွမ်းအင်အသုံးပြုခကို ပေးဆောင်နေရသည်။ 


ဗြိတိန်နိုင်ငံ၏ ရေနံစျေးကွက်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး   နှစ်စတွင် ၁၀၀ ကုဗပေကို ၅၀ ပေါင် ရှိရာမှ ပြီးခဲ့ သည့် ရက်သတ္တပတ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ခြင်းဖြစ် သည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ