နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားထိန်းချုပ်ရေးနှင့် ယူကရိန်းအရေး ကန်-ရုရှား ဆွေးနွေးမည်

ဝါရှင်တန်၊  ဒီဇင်ဘာ ၂၉


အမေရိကန်နှင့် ရုရှားတို့သည် လာမည့် ဇန်နဝါရီလတွင် တွေ့ဆုံကြပြီး နျူကလိယားလက်နက်ထိန်းချုပ်ရေး နှင့် ရုရှား ယူကရိန်း နယ်စပ်တင်းမာမှု ကိစ္စများကို  ဆွေးနွေးကြမည် ဖြစ် ကြောင်း သိရသည်။ 


လာမည့် ဇန်နဝါရီ ၁၀ ရက်တွင် နှစ်နိုင်ငံဆွေးနွေးကြပြီး ဇန်နဝါရီ ၁၂ ရက်တွင် ရုရှား နေတိုး အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက ထုတ် ပြန်ထားသည်။ ဇန်နဝါရီ ၁၃ ရက်တွင်မူ ရုရှား၊ အမေရိကန် နှင့် ဥရောပလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE တို့  တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး အမေရိကန်နှင့် ရုရှားဆွေးနွေးသည့်အခါ နှစ်ဖက်စလုံးက ယင်းတို့ စိုးရိမ်နေ သည့်အချက်များကို အပြန်အလှန် တင်ပြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ 


ယူကရိန်းနယ်စပ်တွင် ရုရှားတပ် များ တိုးမြှင့်ချထားလာသည့် အတွက် ရုရှား က    ကျူးကျော်စစ်ဆင်နွှဲမည်ကို အနောက်နိုင်ငံများအနေဖြင့် စိုးရိမ်နေ ကြပြီး ရုရှားကမူ ယင်းသို့ပြုလုပ်မည် မဟုတ်ကြောင်း ငြင်းဆိုထားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ