နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားစစ်ဘေးရှောင်စခန်း ရုရှားလေကြောင်း တိုက်ခိုက်မှု အရပ်သား သုံးဦးဒဏ်ရာရ

ဒမတ်စကတ်၊  ဒီဇင်ဘာ ၂၉


အီဒလစ်ပြည်နယ်တောင်ပိုင်းရှိ ဂျာဘေးလ် အယ်ဇာဝီယာဒေသရှိ စစ်ဘေးရှောင် စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ရုရှားလေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသုံးဦး  ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  


အီဒလစ်မြောက်ဘက် မာအာရတ် မီဆာရင် မြို့အနီးရှိ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား၍ ရုရှား စစ်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက် သတင်းများတွင် ဖော်ပြထားခြင်း ဖြစ်သည်။ 


ရုရှားစစ်လေယာဉ်များမှာ မာအာရတ်မီဆာရင်အနီးရှိ စစ်ဘေးရှောင်များထား ရှိသည့် ရှိတ်ခ် ဘာဟာ ဧရိယာကို ပစ်မှတ်ထားပြီး ဒုံးကျည်များဖြင့် လေကြောင်း တိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းတိုက်ခိုက်မှုကြောင့် အသေ အပျောက်မရှိခဲ့ကြောင်း သိရသည်။ 


အလားတူ အီဒလစ်၏တောင်ဘက် ဂျာဘေးလ် အယ်ဇာဝီယာဒေသရှိ ရွာကို ပြည်သူ့စစ်အဖွဲ့များနှင့် ချိတ်ဆက်ကာ ရုရှားတိုက်လေယာဉ်များ နှင့် Krasnopol ဒုံးကျည်များပစ်လွှတ်ကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာတွင်မူ လူတစ်ဦးသေဆုံးပြီး အရပ်သားများအပါအဝင် အခြားသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။  

အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ရုရှားကျောထောက်နောက်ခံပြု အာဆတ်အစိုးရမှာ  နိုင်ငံတစ်ခုလုံးကို ပြန်လည်သိမ်း ပိုက်ရန် ကတိပြုထားသော်လည်း ကတိအတိုင်း အပြည့်အ၀ နယ်မြေသိမ်းထိုးစစ်ကို မဆင်နွှဲတော့ဘဲ ရပ်တန့်လျက်ရှိကြောင်း သိရသည်။                        (Ref: AFP)






အခြားဆက်စပ်သတင်းများ