နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အာကာသစခန်းနှင့် SpaceX ဂြိုဟ်တုတို့ ဝင်တိုက်လုနီးပါး ဖြစ်ပေါ်

ပေကျင်း၊  ဒီဇင်ဘာ ၂၉


ပြီးခဲ့သည့်ရက်ပိုင်းက  ဘီလျံနာ အီလွန်မတ်ခ်၏ SpaceX ဂြိုဟ်တု နှစ်စင်းနှင့် တရုတ်အာကာသစခန်းတို့ တိုက်မိလုနီးပါး အန္တရာယ်ကို ကြုံတွေ့ ခဲ့ရကြောင်း  ပေကျင်းက   ထုတ်ပြန် ကြေညာလိုက်သည်။ လူမှုကွန်ရက် အသုံးပြုသူများက   ထိုဖြစ်ရပ်များ အတွက်   အီလွန်မတ်ခ်နှင့်ယင်း၏ ကုမ္ပဏီကိုဝေဖန်ပြီး ယင်းသို့သောဝေဖန် မှုတစ်ခုလျှင် ကြည့်ရှုသူအရေအတွက်မှာ ဒီဇင်ဘာ ၂၈ ရက်အထိ လူဦးရေ ၈၇ သန်းရှိကြောင်းသိရသည်။ 


တရုတ်ဘက်မှ  လွှတ်တင်သော အလားတူ     ဂြိုဟ်တုတစ်ခုသည် အမေရိကန် အာကာသစခန်းကိုဝင် တိုက်လုနီးဖြစ်ခဲ့ပါက ဝါရှင်တန်အနေ ဖြင့် တရုတ်ကို အရေးယူမှုများပြုလုပ် မည်ဖြစ်ရာ SpaceX ပိုင်ရှင် အီလွန်မက်ခ် အနေဖြင့် တာဝန်ယူမှု တစုံတရာရှိသင့် ကြောင်း လူမှုကွန်ရက်တွင် ရေးသားကြ သည်။ 


အီလွန်မတ်ခ်သည် လစဉ်တရုတ် နိုင်ငံသို့ ယင်းပိုင်ဆိုင်သည့် လျှပ်စစ် ကား အပါအဝင် Telsa ၏  ယာဉ်ပေါင်း များစွာကို ရောင်းချနေသောကြောင့် ယခုနှစ်အတွင်း ကားတိုက်မှုများ၊ အရှုပ် အထွေးများနှင့် အချက်အလက်သိုလှောင် မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဂုဏ် သတင်းကျဆင်းနေချိန်တွင် SpaceX ၏ ဖြစ်ရပ်ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။  


အဆိုပါ ဂြိုဟ်တုများသည် တရုတ် အာကာသစခန်း၏ ပတ်လမ်းအတွင်း နှစ်ကြိမ်တိုင် ဝင်ရောက်လာခြင်းကြောင့် လမ်းကြောင်းပြောင်းခဲ့ရကြောင်း၊ ထိုသို့ဝင်တိုက်မိပါက အာကာသစခန်း သည် အလုံးစုံပျက်စီးသွားမည်ဖြစ်ပြီး ယာဉ်ပေါ်ပါသူအားလုံး သေဆုံးစေနိုင် ကြောင်းသိရသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ