နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုမီခရွန်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ထိုင်းတွင် အဆင့် ၃ သတိပေးချက် ထုတ်ပြန်

ဘန်ကောက်၊  ဒီဇင်ဘာ ၂၉


ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ် အိုမီခရွန် (Omicron) ကူးစက် ခံရသူ ၅၁၄ ဦး တွေ့ရှိပြီးနောက် နိုင်ငံ တစ်ဝန်းတွင် အဆင့် ၃ သတိပေး ချက် ကို ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။ 

တင်းကျပ်သော အဆင့် ၃ သတိ ပေးချက်ဆိုသည်မှာ ကိုဗစ်-၁၉ ကင်း စင်သည့် ဝန်းကျင်ကို အကောင်အထည် ဖော်ရေးအတွက် ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုရှိရန် တိုက်တွန်းထားခြင်း၊ ခရီးမသွားမီနှင့် ခရီးသွားအပြီးတွင် ကိုဗစ်    အမြန်စစ်ဆေးခြင်းကိရိယာ (AKT)ဖြင့် စစ်ဆေးခြင်း၊ လူစုလူဝေး ကို   ရှောင်ရှားရန်နှင့် ဖြစ်နိုင်ပါက အလုပ်များကို    မိမိအိမ်တွင်သာ လုပ်ဆောင်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

 

အဆိုပါသတိပေးချက်သည် အား လပ်ရက်ရာသီအပြီးတွင် လူများသွား လာလှုပ်ရှားနိုင်မှု မြင့်မားလာနိုင်ခြင်း ကြောင့်  ရောဂါကူးစက်မှုအသစ်များ မြင့်တက်လာနိုင်သည့်အတွက် စိုးရိမ်မှု များ မြင့်တက်လာခြင်းအပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါ ထိန်း ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Opas Karkawinpong က ပြောကြား သည်။ 


အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်သည်  အလွယ်တကူ  မြင့်တက်လာနိုင်ပြီး မကြာမီ Deltaဗီဇပြောင်းဗိုင်းရပ်စ်ကို  ကျော်လွန်သွားနိုင်ကြောင်း  Opas က ထပ်မံမှတ်ချက်ပြုခဲ့သည်။ ထိုင်းနိုင်ငံ တွင် သတိပေးချက် အဆင့်ငါးဆင့်ရှိပြီး  ညမထွက်ရအမိန့်နှင့် တင်းကျပ်သော ခရီးသွားလာမှုနှင့် ခရီး သွားများအားလုံး အတွက် လူစုလူဝေး ထိန်းချုပ်ရေးနှင့်  quarantine အစီအစဉ်ကို  အဆင့် ၅ မှစ၍ ရည်ညွှန်း သတ်မှတ်ကြောင်းသိရ သည်။                              (Ref:BBC)






အခြားဆက်စပ်သတင်းများ