နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကူးစက်မှုထိန်းချုပ်ရန် ကားမောင်းခွင့် ကန့်သတ်

ပေကျင်း၊  ဒီဇင်ဘာ ၂၉


လော့ခ်ဒေါင်းချ   ပိတ်ဆို့ခံရသည့် တရုတ်နိုင်ငံ၊ ရှီအန်းမြို့တွင် ၂၁ လတာ အတွင်း အဆိုးရွားဆုံး ကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန်  ကန့်သတ်ချက်များကို အပြင်းထန်ဆုံး အဆင့်သို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်းနေထိုင်သူများကို ကားမောင်း နှင်ခွင့်ပါ တားမြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် အာဏာပိုင်များကထုတ်ပြန် သည်။ 


ပေကျင်းအနေဖြင့် ဖေဖော်ဝါရီလ၏ ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် ထောင်ချီသော ပြည်ပဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်နေချိန်တွင် တင်း ကျပ်သော နယ်နိမိတ် ကန့်သတ်ချက် ဗျူဟာကို ကိုင်စွဲပြီး ယခုကဲ့သို့လုပ် ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 


၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက အမြင့်ဆုံးကူးစက်မှုနှုန်း ဖြစ်ပွားခဲ့သည့် ရှီအန်းမြို့တွင် နေထိုင်သူ ၁၃ သန်းရှိပြီး လက်ရှိ   ယင်းတို့၏နေအိမ်များတွင် လော့ခ်ဒေါင်းချထားသည်မှာ  ငါးရက် မြောက်ဖြစ်သည် ။  

 

ထုတ်ပြန်ချက်တွင်  ပါဝင်သည့် မော်တော်ယာဉ်မောင်းနှင်ခွင့်    ကန့် သတ်ခြင်းအတွက် ရဲများနှင့် ကျန်းမာရေး တာဝန်ရှိသူများက ကားများကို တင်း တင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများကို ၁၀ ရက် ကြာ ထိန်းသိမ်းခြင်း ဒဏ်ငွေ ယွမ် ၅၀၀ (၇၈ ဒေါ်လာ) ချမှတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 


ထို့ပြင် တရုတ်ရှိ ပြည်နယ်အချို့တွင် လည်း ဆက်စပ်ကူးစက်မှုများ ရှိနေ သဖြင့် အာဏာပိုင်များက မြို့အတွင်း ရှိ ရွှေ့ပြောင်းအလုပ်သမားများကို လာမည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်များ တွင် နေအိမ်ဇာတိသို့မပြန်ကြရန် တိုက် တွန်းထားသည်။               (Ref: Reuters)






အခြားဆက်စပ်သတင်းများ