နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ကားများတွင်ပါသော ကွန်ပျူတာဂိမ်းကစားခွင့်ကို အမေရိကန်အစိုးရ ပိတ်ပင်

နယူးယောက်၊  ဒီဇင်ဘာ ၂၈


အမေရိကန်   အစိုးရတာဝန်ရှိသူ များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ဆေးခဲ့သော Tesla လျှပ်စစ်ကားများ တွင်ပါရှိသည့် ကွန်ပျူတာဂိမ်းများကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ 


ထိုစစ်ဆေးမှုကို အမေရိကန် အဝေး ပြေးလမ်းလုံခြုံရေး အုပ်ချုပ်ရေးရုံးက ဦးဆောင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်း ရောင်းချခဲ့သော Tesla ကား Model 3 ၊ S ၊ X နှင့် Y တို့တွင် ထိုဂိမ်းများကို ထည့်သွင်းထားခဲ့ခြင်းဖြစ်ကာ အစီးရေ ပေါင်း ၅၈၀၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 


ကားမောင်းသူများသည်   ကား မောင်းနေစဉ်အတွင်း ထိုဂိမ်းကိုကစား ခြင်းကြောင့် မတော်တဆဖြစ်မှုများမြင့် တက်လာသည့်အတွက် ယင်းတို့၏ ကားစနစ်ကို  အမျိုးသားအဝေးပြေး ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲ မှုအဖွဲ့ (NHTSA )က ပြန်လည်စစ်ဆေး နေကြောင်း သိရသည်။ 


၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလကစပြီး Tesla သည် ကားမောင်းနေစဉ် ကား၏ အလယ်တွင်ပါရှိသော ကွန်ပျူတာတွင် ဂိမ်းကစားခွင့် ပေးထားခဲ့သော်လည်း ကားစီးစဉ် ဂိမ်းကစားခွင့်သည် ခရီး သည်များအတွက်သာ ဖြစ်ကြောင်းသတိ ပေးထားသည်။  


NHTSA ကမူ ခရီးသည်ဂိမ်းကစားမှု ကြောင့် ကားမောင်းသူမှာ အနှောင့် အယှက်ဖြစ်နိုင်ပြီး မတော်တဆမှုဖြစ် ပေါ်နိုင်ကြောင်း ပြောကြားသည်။  


NHTSA ၏ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင် ကားမောင်းသူများ အနှောင့်အယှက်ဖြစ်သောကြောင့် ဖြစ် ပေါ်ခဲ့သော မတော်တဆမှုများသည် ၂၀၁၉ နှစ် တစ်ခုတည်းတွင် ၃၁၄၂ ခုရှိ ခဲ့ကြောင်း၊ နိုင်ငံအတွင်းက မတော် တဆမှုတွင် သေဆုံးမှုပေါင်း ၃၈၀၀၀ ခန့်ရှိကြောင်း သိရသည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ