နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ဆာရဲတိုက်အတွင်း လက်နက်ကိုင်ကျူးကျော်သူကို ဗြိတိန်ရဲများဖမ်းမိ

လန်ဒန်၊  ဒီဇင်ဘာ ၂၈


ပြီးခဲ့သည့် ခရစ်စမတ်ရက်က ဝင်ဆာ ရဲတိုက်အတွင်းသို့ လက်နက်ကိုင်ဝင် ရောက်လာသူတစ်ဦးကို ဗြိတိန် ရဲတပ် ဖွဲ့က  ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က သတင်းထုတ်ပြန် လိုက်သည်။ 


ရဲတိုက် လုံခြုံရေးကျိုးပေါက်မှုသည် ခရစ်စမတ်နေ့ နံနက် ၈ နာရီခွဲတွင်ဖြစ် ပွားခဲ့ပြီး လက်နက်ကိုင်ကျူးကျော်ဝင် ရောက်လာသည့် ဆောက်သမ်တန်မှ ၁၉ နှစ်အရွယ် အမျိုးသားကို ယင်းနေ့တွင်ပင် ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း  ရဲတပ်ဖွဲ့က ပြည်သူများစိုးရိမ်မှု  လျော့ကျစေရန်  သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


လက်ရှိတွင်  ကာကွယ်ထားသော နေရာကို ကျူးကျော်ဝင်ရောက်မှုနှင့် လက်နက်ကိုင်ဆောင်မှုအတွက်  အဆို ပါ  အမျိုးသားကို ဖမ်းဆီးထားကာ ယင်းအနေဖြင့် တားမြစ်နေရာကိုဝင် လာစဉ်တွင် လုံခြုံရေးစနစ်ကို အသိ ပေးလိုက်သည့်အတွက် အဆောက်အအုံ များအတွင်း နှံ့စပ်စွာဝင်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိမ်းစ်တောင်ကြားဒေသမှ ရဲအုပ် ရီဘက်ကာက ပြောသည်။  


ယင်းဖြစ်စဉ်ကို တော်ဝင်မိသားစု ထံ အသိပေးခဲ့ကာ ဒုတိယမြောက် အဲလိ ဇဘတ်ဘုရင်မကြီးသည် ခရစ်စမတ် ကာလအတွင်း  ဝင်ဆာရဲတိုက်တွင် နေထိုင်နေခြင်း ဖြစ်သည့်အတွက် သတိ ကြီးစွာ စောင့်ကြပ်နေရချိန်ဖြစ်ကြောင်း သိရသည် ။ 

(Ref:AP)






အခြားဆက်စပ်သတင်းများ