နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုလန်ကုန်းမြင့်ဒေသတွင် ကန်ဒေါ်လာသန်းပေါင်းများစွာ အသုံးပြု လူနေအိမ်ရာတိုးချဲ့ရန် အစ္စရေး စီစဉ်

ဂျေရုဆလင်၊  ဒီဇင်ဘာ ၂၈


ဆီးရီးယားထံမှ   လွန်ခဲ့သည့် နှစ် ပေါင်း ၅၀ ခန့်က  သိမ်းပိုက်ခဲ့သော ဂိုလန်ကုန်းမြင့်နေရာများကို ကန်ဒေါ်လာ သန်းပေါင်းများစွာအသုံးပြုပြီး လူနေအိမ် ရာများ တိုးချဲ့မည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နယ်တာလီ ဘယ်နက်က ကြေညာလိုက်သည်။


ယခုကဲ့သို့ နေရာတိုးချဲ့မှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က  ထိုဂိုလန်ကုန်းမြင့် ဒေသကို  အစ္စရေး ပိုင်ဆိုင်သည်ဟု ထောက်ခံခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယင်းထောက်ခံ ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောသည်။ 


သို့ရာတွင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်ဆိုင်သည်ဟု ထောက်ခံသော နိုင်ငံသည် အမေရိကန်နိုင်ငံ တစ်နိုင်ငံ တည်းသာရှိကြောင်း သိရသည်။ အစ္စရေး သည် ယင်းနေရာကို ၁၉၈၁ ခုနှစ် ကတည်းက ဆီးရီးယားလက်မှ သိမ်းပိုက် ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အစ္စရေး နှင့် ဆီးရီးယားနှစ်နိုင်ငံကြားတွေ့ဆုံ ဆွေးနွေးမှုများမှာ အကြိမ်ပေါင်းများစွာ ပျက်ပြယ်ခဲ့သည်။  


ယခုကဲ့သို့ နေရာတိုးချဲ့မည့် အစ္စရေး ၏ ကြေညာချက်ကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးလာမည်ဖြစ်ပြီး ဆီးရီးယား ကမူ ယင်းဒေသကို တစ်ချို့တစ်ဝက်ဖြစ် စေ၊ အားလုံးဖြစ်စေ ပြန်လည်ပေးအပ် ရန်   မကြာခဏ တောင်းဆိုလျက်ရှိ သည်။

(Ref:AFP)






အခြားဆက်စပ်သတင်းများ