နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်၊ ခြံ၊ မြေပြဿနာများကို ဖြေရှင်းမည် တရုတ်အိမ်ခြံမြေ ထိပ်တန်းတာဝန်ရှိသူ ကတိပေး

ပေကျင်း၊  ဒီဇင်ဘာ ၂၈


နိုင်ငံအတွင်းရှိ လူနေအိမ်ပြဿနာများကို ဝယ်ယူသူများ စိုးရိမ်မှုလျှော့ချစေ လိုသော ရည်ရွယ်ချက်ဖြင့် အမြန်ဆုံးဖြေရှင်းပေးမည်ဟု တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ထိပ်တန်းတာဝန်ရှိသူများက ဒီဇင်ဘာ ၂၈ ရက်တွင် ကတိပြုပြောကြားလိုက်သည်။ 


အိမ်ခြံမြေနှင့် ကျေးလက်မြို့ပြတိုးတက်ရေးဝန်ကြီးဌာနတွင် အကြီးဆုံးဖြစ် သည့် ဝမ်မေဟွိုင်က တရုတ်နိုင်ငံအနေဖြင့် အိမ်ခြံမြေမူဝါဒများကို ယခင်အတိုင်း တည်ငြိမ်စွာထိန်းသိမ်းထားမည်ဖြစ်ပြီး ဘဏ္ဍာရေး၊ မြေနှင့် စျေးကွက်ကြီးကြပ်ရေး များကို ပိုမိုအားကောင်းသည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ 


တရုတ်အစိုးရအနေဖြင့် အိမ်၊ ခြံ၊ မြေကဏ္ဍပြိုလဲမည့် အန္တရာယ်များကိုရှောင် ရှားနိုင်ရန် ရန်ပုံငွေဆိုင်ရာ  ကန့်သတ်ချက်များကို ဖြေလျှော့မှုများပြုလုပ်ခဲ့သော် လည်း မူဝါဒဆိုင်ရာ ပြောင်းလဲမှုများကို ငြင်းပယ်ထားသည်။ 


အရာရှိ   ဝမ်မေဟွိုင်၏ ပြောကြားချက်အပေါ်အခြေခံပြီး တရုတ်နိုင်ငံသည် စီးပွားရေး ရေတိုတိုးတက်ရေးအတွက် အိမ်ခြံမြေကဏ္ဍကို အသုံးပြုမည်ဖြစ်ပြီး အန္တရာယ်များသော ရင်းနှီးမြှုပ်နှံမှုများကို  ဆက်လက်ဆန်းစစ်မည်ဖြစ်ကြောင်း အိမ်ခြံမြေ စျေးကွက်သုတေသီများက ပြောကြားသည်။ 


ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အိမ်၊ ခြံ၊ မြေရေရှည်တိုးတက်ရေးအတွက်ကောင်း မွန်သော စီမံကိန်းများကိုချမှတ်မည်ဖြစ်ပြီး    တစ်ချိန်တည်းမှာပင် စျေးကွက် ၊ မြေ နှင့် ပိုင်ဆိုင်မှုစျေးနှုန်းများကိုလည်း တည်ငြိမ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 (Ref:Reuters)






အခြားဆက်စပ်သတင်းများ