နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမဲလ်-ဥရောပ ရေနံပိုက်လိုင်း လမ်းကြောင်းပြောင်းတင်ပို့

မော်စကို၊  ဒီဇင်ဘာ ၂၈


ရုရှားမှ ဥရောပသို့ ရေနံပို့ဆောင်ပေး နေသည့် ယမဲလ် -ဥရောပ ရေနံပိုက် လိုင်းသည် ဒီဇင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ခြောက်ရက်ဆက်တိုက် လမ်း ကြောင်းပြောင်းကာ ပိုလန်နိုင်ငံကိုသာ ရေနံပို့မှုပြုလုပ်ခဲ့ကြောင်း ဂျာမနီ နိုင်ငံရှိ Gascade အချက်အလက်များအရ သိရသည်။ 


Mallnow မီတာအမှတ်တွင်ရှိသော တိုင်းထွာချက်များအရ ဂျာမနီ- ပိုလန် နယ်စပ်တွင် ရေနံပို့ဆောင်မှုသည် ပိုက်လိုင်းမှတစ်ဆင့် ပိုလန်ဘက်ကိုသာ သွားနေပြီး တစ်နာရီလျှင် ၁ ဒသမ၂ ကီလိုဝပ်နီးပါး ရေနံစီးဆင်းမှုရှိကြောင်း အချက်အလက်များတွင် ဖော်ပြထား သည်။ 


ယခုကဲ့သို့ ရေနံပို့ဆောင်မှု လမ်း ကြောင်း    ပြောင်းလိုက်ခြင်းသည် ယူကရိန်းကြောင့် အနောက်နိုင်ငံများ နှင့် ရုရှားအကြား တင်းမာမှုမြင့်တက်လာ ခြင်းနှင့် တိုက်ဆိုင်နေသော်လည်း နိုင်ငံရေးကြောင့်မဟုတ်ကြောင်း ရုရှား က ပြောကြားထားသည်။ 


သို့ရာတွင် ယခုကဲ့သို့ ပြဿနာများ ကြောင့် ရေနံစျေးနှုန်းမှာ စံချိန်တင်မြင့် တက်နေပြီး ရုရှားသမ္မတ ပူတင်၏ပြော ကြားချက်အရ ဂျာမနီသည် ပြည်တွင်း တွင် အဆမတန် မြင့်တက်လာသော ရေနံစျေးနှုန်းများကို ထိန်းသိမ်းရန် မကြိုးစားဘဲ ရေနံများကို ပိုလန်နိုင်ငံ နှင့် ယူကရိန်းနိုင်ငံများသို့ ပြန်လည် ရောင်းချနေသည့်အတွက် ရေနံလမ်း ကြောင်းများကို   ပြောင်းလဲခြင်းဖြစ် ကြောင်း သိရသည်။ 


ဂျာမနီနိုင်ငံ၏ စီးပွားရေးဝန်ကြီး ဌာန ကမူ သမ္မတပူတင် ၏ စွပ်စွဲချက်ကို ပြန်လည်တုံ့ပြန်မှု    လုပ်ထားခြင်းမရှိ ကြောင်း သိရသည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ