နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်

ညောင်ဦး၊ ဒီဇင်ဘာ  ၂၇


ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ အမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင် နေကြပြီဖြစ်သည်။


အိမ်ခြေ ၁၂၀ ကျော်ရှိသည့် တောင်ကုန်းကျေးရွာ တစ်ရွာလုံးနီးပါး ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်ကြသည်။ ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူ ကျေးရွာမြောက်ဘက်မှ ကားတစ်စီး ကျပ် ငါးသောင်းဖြင့် ဝယ်ယူ၍ အိုး လုပ်ကြသည်။


အိုးလုပ်ငန်းကို နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလများတွင် လှိုင်လှိုင် လုပ်ကိုင်ကာ ညောင်ဦးမြို့နယ်၊ တောင်ကုန်းကျေးရွာထွက် ပြာသို သောက်ရေအိုးနှင့် ထန်းဆွဲမြူအိုးတို့မှာ နာမည်ရသည်။ 


တောင်ကုန်းကျေးရွာတွင် ပြာသို သောက်ရေအိုး၊ ထန်းဆွဲမြူအိုး၊ လက်ဆေးမြေဇလုံ၊  ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊  ရိုးရာ အရက်ချက်ပေါင်းအိုး၊ မြေပန်းအိုး၊ မုန့်ပျားသလက်အိုးခင်း၊ မြေသားစုဘူး၊ မြေသားဘုရားပန်းအိုး၊ မြေသားမီးဖို၊  ဆားထည့်အိုးငယ်၊         အိုးပုတ်ချိုးရုပ်များ လုပ်ကိုင်ကြသည်။            ကိုထိန်၊ KPD






အခြားဆက်စပ်သတင်းများ