နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂရိကျွန်းအနီး ရွှေ့ပြောင်းဒုက္ခသည်လှေ တိမ်းမှောက်သဖြင့် ၁၆ ဦးသေဆုံး

အေသင်၊  ဒီဇင်ဘာ ၂၇ 

 

အေဂျီယန်ပင်လယ်အလယ်ပိုင်း ဂရိပိုင်ကျွန်းတစ်ခုဖြစ်သည့်  ပါရိုစ့် (Paros)ကျွန်းအနီးတွင် ဒီဇင်ဘာ ၂၆ ရက်က ရွှေ့ပြောင်းဒုက္ခသည်လှေ တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ဂရိကမ်းခြေ စောင့်တပ်ဖွဲ့က ပြောကြား သည်။ ယင်း ဖြစ်ရပ်မှာ ယခုသီတင်းပတ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများပါဝင်သော တတိယမြောက် ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးဒုက္ခဖြစ်ကြောင်း ဂရိကမ်း ခြေ စောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။  


အာဏာပိုင်များက ယင်းတိမ်း မှောက်မှုကြောင့်  ပါရိုမြို့ အနောက်မြောက်ဘက် တွင် ညတွင်းချင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကာ အဆိုပါ ဧရိယာအတွင်း ဝေဟင်နှင့် ပင်လယ်ရေကြောင်းအဖွဲ့များကို ဖြန့်ကြက်ချထားခဲ့ ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။  


အစိုးရတစ်စိတ်တစ်ပိုင်းပါဝင်နေသည့်  အေသင်သတင်းအေဂျင်စီက အမျိုးသား ၁၂ ဦး၊ အမျိုးသမီးသုံးဦးနှင့် မွေးကင်းစကလေး တစ်ဦးတို့၏ အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ဖော်ပြသည်။ 

  

အဆိုပါ သင်္ဘောပေါ်တွင် လူရှစ် ဆယ်ခန့် လိုက်ပါလာသည်ဟု ယုံကြည်ရပြီး တူရကီမှ အီတလီသို့ ဦးတည်လာခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ သိရသည်။ သို့ရာတွင် သင်္ဘောတိမ်းမှောက်မှုအခြေ အနေများကို ယခုထိ  ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း  ဂရိသင်္ဘော ပို့ဆောင်ရေးဝန်ကြီးက ပြော ကြားသည်။                                                                            (Ref:Reuters)






အခြားဆက်စပ်သတင်းများ