နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာစ့်ပါမားမီးတောင်ပေါက်ကွဲမှု အဆုံးသတ်ကြောင်း ကြေညာ

မက်ဒရစ်၊  ဒီဇင်ဘာ ၂၇


စပိန်နိုင်ငံ၊ ကာနေရီကျွန်းစုရှိ လာ့စ်ပါးမားမီးတောင်မှ ချော်ရည်များ စီးဆင်းခြင်းမရှိတော့ဘဲ ၁၀ ရက် ကြာ သည့်တိုင်  ငြိမ်သက်နေခြင်းကြောင့် အဆိုပါ မီးတောင်ပေါက်ကွဲမှုမှာ တရား ဝင် အဆုံးသတ်ပြီဖြစ်ကြောင်း  အာဏာ ပိုင်များက ကြေညာလိုက်သည်။ 


သို့ရာတွင် လာ့စ်ပါးမားဝန်းကျင် နေထိုင်သူများကိုမူ အရေးပေါ်အခြေ အနေ ကြေညာထားပြီး  မီးတောင်ပေါက် ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ မပြီးဆုံးသေးကြောင်း ကာနာရီကျွန်းစု မီးတောင် အရေးပေါ်ကယ်ဆယ်ရေး ကော်မတီက  ကြေညာထားခြင်းဖြစ် သည်။ ပင်လယ်ဘက်သို့ စီးဆင်းနေ သော မီးသင့်နေသည့် ချော်ကျောက် ရည်စီးကြောင်းသည်   အဆောက်အဦ ပေါင်း ၃၀၀၀ ခန့် ပျက်စီးစေကာ ငှက် ပျောစိုက်ခင်းများနှင့် စပျစ်ခြံများကို နှစ်မြှုပ်ခဲ့ပြီး ဆည်မြောင်းစနစ်များ ပျက်စီးစေခဲ့သည်။ 


ဒေသဆိုင်ရာ  ပြည်သူ့အုပ်ချုပ် ရေး၊ တရားမျှတမှုနှင့် လုံခြုံရေးဝန်ကြီး လည်းဖြစ်သည့် မစ္စတာ ပီရက်ဇ်က ကျွန်းစုအစိုးရအနေဖြင့် အဆောက်အအုံ များနှင့် အခြေခံအဆောက်အအုံများ ဆုံးရှုံးမှုတန်ဖိုး ယူရိုသန်း ၉၀၀ ကျော် ရှိကြောင်း ပြောသည်။  


မီးတောင်ပေါက်ကွဲမှု ရပ်တန့်သွား ခြင်းကို သေချာစေရန်အတွက် ဓာတ် ငွေ့၊ ချော်ရည်များနှင့် တုန်ခါမှုသုံးမျိုး မရှိကြောင်းကို မီးတောင်ကျွမ်းကျင် သူများက အတည်ပြုရန် လိုအပ်ကြောင်း မီးတောင် ကျွမ်းကျင်သူများက ပြော ကြားသည်။ 


မီးတောင်သည် စက်တင်ဘာလ ဒုတိယပတ်ကတည်းက စတင် ပေါက် ကွဲနေခြင်းဖြစ်ပြီး ယခု ခရစ္စမတ်ကာလ ရောက်မှသာ ငြိမ်သက်သွားခြင်းဖြစ် သည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ