နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်ရှာဘတ် အကြမ်းဖက်သမား ၂၂ ဦးကို ရှင်းလင်းခဲ့ကြောင်း ဆိုမာလီစစ်တပ်ထုတ်ပြန်

ဘိုင်ဒိုအာ၊  ဒီဇင်ဘာ ၂၇


ဆိုမာလီယာနိုင်ငံ တောင်ပိုင်းတွင် အကြမ်းဖက်အဖွဲ့နှိမ်နင်းသည့် စစ်ဆင် ရေးအတွင်း အယ်လ်ရှာဘတ် အကြမ်း ဖက်သမား ၂၂ ဦးကို  သတ်ဖြတ်နိုင်ခဲ့ ကြောင်း ဆိုမာလီအာဏာပိုင်များ၏ ဒီဇင်ဘာ ၂၇ ရက် ပြောကြားချက်များအရ သိရသည်။ 


နိုင်ငံအလယ်ပိုင်း ရှယ်ဘီလီဒေသ တွင်ပြုလုပ်သည့်   စစ်ဆင်ရေးတစ်ခု အတွင်း အယ်လ်ရှာဘတ်အဖွဲ့၏  အဓိက အခြေစိုက်စခန်းတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဆိုမာလီအမျိုးသား ရုပ်သံက ဖော်ပြသည်။  


ယင်းစစ်ဆင်ရေးကို  နယ်မြေခံ စစ်ဘက် အရာရှိတဦးက အတည်ပြုပြော ကြားရာတွင် ဆိုမာလီစစ်တပ် အနေဖြင့် ရှယ်ဘီလီဒေသ အောက်ပိုင်းရှိ ရွာသုံး ရွာကို အယ်လ်ရှာဘတ်အဖွဲ့၏ လက် အောက်မှ လွတ်မြောက်စေခဲ့ကြောင်း ပြောကြားသည်။   


၎င်းစစ်ဆင်ရေးကို ဦးဆောင်နေ သည့် စစ်ဘက်တပ်မှူး ကာနယ်လ် ဒေယံ အဘီဒီ အဘူဒယ်လ်က အဆို ပါဒေသတွင် အယ်လ်ရှာဘတ် အကြမ်း ဖက်သမားများက အရပ်သားများကို နှောင့်ယှက်  အန္တရာယ်ပြုနေကြောင်း ပြောသည်။ 


ထိုအတောအတွင်း ဂျူဘာလန်ပြည် နယ်တွင် တည်ရှိသော တာဘတိုမြို့၏ မြို့တော်ဝန်နှင့် မြို့၏ အခွန်ဌာန အကြီး အကဲအပါအဝင် သုံးဦးမှာ အယ်လ်ရှာ ဘတ် အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုအတွင်း    သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ