နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုံးပိတ်ရက်များအတွင်း ဥရောပကုန်သွယ်ရေး စတော့‌ဈေးကျဆင်း

ဘရပ်ဆဲလ်၊  ဒီဇင်ဘာ ၂၇


ကမ္ဘာအနှံ့ပြန်ပွားခဲ့သော အိုမီခရွန် ကိုဗစ်-၁၉ မျိုးကွဲကြောင့် စီးပွားရေး ပြန်လည် နာလန်ထူရေးဟာ မရေ မရာဖြစ်သွားခဲ့ခြင်းကြောင့် ရုံးပိတ် ရက်များအတွင်း ဥရောပ ကုန်သွယ်ရေး စတော့စျေးနူန်းများ   ကျဆင်းသွား ကြောင်း သိရသည်။ 


ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် တွင် ဂျာမနီ ၊ အီတလီ ၊ စပိန် ၊ ဆွစ်ဇာလန် နှင့် အမေရိကန်နိုင်ငံရှိ စတော့စျေးကွက် များသည် ခရစ္စမတ်ကြောင့် ပိတ်ခဲ့ရပြီး များပြားလာသည့် ရုံးပိတ်ရက်များနှင့် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ကြောင့် ကျပ်တည်းစွာ လုပ်ဆောင်နေ ရကြောင်း Equiti Group တွင် စျေးကွက် လေ့လာရေးအကြီးဆုံး တာဝန်ယူထား သည့် ရတ်အဲလ်ခီဒါက ပြောသည်။ 


သို့ရာတွင် အာရှတိုက်ရှိ စျေးကွက် စတော့စျေးများမှာမူ  မြင့်တက်ခဲ့ပြီး အိုမီခရွန်   ကူးစက်ခံရပါကလည်း ဆေးရုံတက်ရောက်နိုင်ခြေ နည်းပါး သည်ဟူသော  ခန့်မှန်းချက်ကြောင့် စီးပွားရေး အချက်အလက် စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 


၂၀၂၁ ခုနှစ်သည် ကောင်းမွန် လာသော မူဝါဒများနှင့် အပြုသဘော ဆောင်သော ကော်ပိုရိတ် အမြတ်ငွေ များရရှိခဲ့ကြသော်လည်း ကုန်စည်ပြတ် လပ်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ကိုဗစ် ကန့်သတ် ချက် အသစ်များကြောင့် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်ရေးနှင့် ပြန်လည် နာလန်ထူရေးတို့ကို ခြိမ်း ခြောက်နေသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ