နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား-နေတိုး လုံခြုံရေး ဆွေးနွေးပွဲယူကရိန်း ပါဝင်နိုင်ရန် ကြိုးစားနေ

ကိယက်ဗ်၊  ဒီဇင်ဘာ ၂၇


လာမည့် ဇန်နဝါရီလတွင် ပြုလုပ် မည့် ရုရှား-နေတိုး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း၏နိုင်ငံအနေဖြင့် ပါဝင်သင့်သည်ဟု ယူကရိန်း နိုင်ငံခြား ရေးဝန်ကြီးက ဒီဇင်ဘာ ၂၆ ရက်တွင်  ပြောကြားသည်။  


ရုရှားသမ္မတ ဗလာဒီမာပူတင်အနေ ဖြင့် ယင်း၏နိုင်ငံအတွက် ယုံကြည် စိတ်ချရသော၊ တရားဝင်စည်းနှောင်မှုနှင့် ရေရှည် လုံခြုံရေးအာမခံချက်များပေး ဆောင်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲ များစတင်ရန် နေတိုးကို တောင်းဆိုခဲ့ပြီး နောက်ပိုင်း ယူကရိန်းဘက်ကလည်း ယခုကဲ့သို့ ပြန်လည်ပြောကြားလာခြင်း ဖြစ်သည်။  

 

ရုရှားသမ္မတ ပူတင်၏ နိုင်ငံခြားရေး မူဝါဒအကြံပေး ယူရီ ယူရှာကောဗ့်က မော်စကို၏  အဆိုပြုချက် မူကြမ်းကို အမေရိကန်နှင့် နေတိုးထံ ပေးအပ်ခဲ့ပြီး နှစ်ရက်အကြာတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောတူညီချက် မူကြမ်းပါ စာသားများကို နိုင်ငံတကာ သို့ ထုတ်ပြန်လိုက်သည်။  


ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ရောဗ့်က ယူကရိန်းအရေးကိစ္စနှင့်ပတ် သက်၍ ရုရှားနှင့် အမေရိကန်တို့သည် လာမည့်လတွင် လုံခြုံရေးအာမခံချက် ဆိုင်ရာဆွေးနွေးပွဲ  ပထမအကျော့ကို ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထား ရာ ယူကရိန်းက ယင်းဆွေးနွေးပွဲကို ပါဝင်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။   


ဇန်နဝါရီလတွင် ရုရှားသည် နေတိုး နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။                       (Ref: Reuters)






အခြားဆက်စပ်သတင်းများ