နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများ ဝတ်စုံစံနှုန်းများကို ပညာရှင်များ ပြောကြား

ပေကျင်း   ဒီဇင်ဘာ   ၂၆


ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများ၏ ဝတ်စုံများ တွင် စံနှုန်းများရှိနေပြီး  ယင်းဝတ်စုံများ တွင် လိုအပ်သည့်လုပ်ဆောင်ချက်များ ရှိနေရမည်ဖြစ်ကြောင်း ပညာရှင် များက ပြောကြားသည်။ 


ဆောင်းရာသီအိုလံပစ် အားကစား သမားများ၏  ပြိုင်ပွဲ၀င်ဝတ်စုံသည် အားကစားသမားများ ရလဒ်ကောင်း ရရန်အတွက် ပံ့ပိုးပေးနိုင်သည့် အပြင် အရှိန်နှုန်းနှင့်ကစားရသည့် ပြိုင်ပွဲများ တွင် အားကစားသမားများက ပြိုင်ပွဲဝင်ဝတ်စုံများအပေါ် အဓိက တောင်းဆိုချက်မှာ တွန်းအားကို လျော့နည်းစေရန်ဖြစ်သည်။  


ပြိုင်ပွဲဝင်ဝတ်စုံ၏ အထည်သား သည် လေတွန်းအားခံနိုင်မှုနည်းပါက အားကစားလှုပ်ရှားချိန်တွင် ခံရသည့် တွန်းအားနည်းမည် ဖြစ်သည့်အပြင် ချုပ်လုပ်မှု၊ ဖြတ်ညှပ်ကပ်မှုမှာလည်း လေတွန်းအားကိုနည်းစေသည့် နေရာ တွင် အဓိကကျသည်။ အလားတူ အသားကပ်အင်္ကျီများကို လေ့လာရာ တွင် သိပ္ပံပညာရှင်များက ကောင်းမွန် သည့် အသားကပ်ဝတ်စုံမှာ အားကစား လုပ်နေချိန်တွင် ပျော့ပျောင်းသည့် ကြွက်သားတုန်ခါမှုကို လျှော့ချပေး နိုင်ပြီး အင်္ကျီ၏ဖိအားကြောင့် မလိုလားအပ်သည့် ကြွက်သားတုန်ခါမှု ကို လျော့ချပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။ 


သုတေသနပြုချက်အရ ကိုယ်ကျပ် ဘောင်းဘီဝတ်ထားချိန်တွင် ဒေါင် လိုက်မျက်နှာပြင် တုံ့ပြန်မှုစွမ်းအားကို ကိုးရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး ဖိအားလှုပ်ရှားမှု၏ ဗဟိုအမြန်နှုန်းကို ဆယ့်လေးရာခိုင်နှုန်း လျော့ချနိုင်ကြောင်း ဖော်ပြထားသည်။ ယင်းသည် အားကစားသမား၏ လှုပ်ရှားမှုနှင့် ဟန်ချက်ညီမျှမှုကို မြှင့်တင်နိုင်သည့် ဖော်ပြမှုဖြစ်ပြီး အားကစားသမားများ ၏ နည်းပညာပိုင်းဆိုင်ရာလှုပ်ရှားမှု          ကို ပိုမိုကောင်းမွန်စေကာ အရှိန်ကို မြှင့်တင်ပေးသည်။           (ref:Yahoo)






အခြားဆက်စပ်သတင်းများ