နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကေအိုင်အေ ယာဉ်နှစ်စီး ရေမဆေးကျောက်သမားများ မီးရှို့ဖျက်ဆီး

ဖားကန့်၊ ဒီဇင်ဘာ ၂၂ 


ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဖားပြင်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများ နှင့် ကေအိုင်အေတပ်ဖွဲ့ဝင်အချို့ ဒီဇင်ဘာ ၁၉ ရက်ညက ပဋိပက္ခ ဖြစ်ပွားပြီး ကေအိုင်အေတပ်ဖွဲ့ ဝင်များ၏ ကားနှစ်စီးကို ရေမ ဆေးကျောက်သမားများက မီးရှို့ ဖျက်ဆီးလိုက်သည်ဟု သိရသည်။


ဖြစ်စဉ်မှာ ရေမဆေးကျောက် သမားများ ရှာဖွေရရှိထားသော ကျောက်တစ်ချို့ကို ကေအိုင်အေ နှစ်ဦးက ခြိမ်းခြောက်တောင်းဆို ရာမှ   ကျောက်သမားများက ဝိုင်းဝန်းဖမ်းဆီးစဉ် တစ်ဦးကို ဖမ်းမိပြီး ၎င်းတို့ စီးနင်းလာ သည့် မစ်ဆူဘီရှီပါဂျဲရိုးကားနှင့် တိုယိုတာကား(အပေါ်ပုံ)တို့ကို ရေမဆေးကျောက်ရှာဖွေသူများ က မီးရှု့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

(CN-004)






အခြားဆက်စပ်သတင်းများ