နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့အိမ်နှစ်လုံး မီးလောင်

မုဒုံ၊ ဒီဇင်ဘာ ၂၀


မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝက်တဲ ကျေးရွာ ရွာအဝင်လမ်းတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးမီး လောင်မှုဖြစ်ပွားသည်။


ဖြစ်စဉ်မှာ အဆိုပါကျေးရွာရှိအိမ် ရှင်ဒေါ်ပိန်နေအိမ်၏ မီးဖို၊ မီးကြွင်း၊ မီး ကျန်မှတစ်ဆင့် အနီးရှိပျဉ်ကာသို့ မီး ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ကြောင့် ၁၅ x ၃၅ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံးအနီးရှိ ၁၅ x ၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံး စုစုပေါင်းနေအိမ်နှစ်လုံးမီး လောင်မှုဖြစ်ပွားသည်။


မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးမှူးစောစိုးစိုး မြင့်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန် ၇ ဦး၊ ကျေးရွာသူ၊ ကျေးရွာ သားများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက်   ၁၀ နာရီ မိနစ် ၄၀ အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိ သည်။           အောင်မျိုးသူ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ