နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခံရ

မြန်အောင်၊  ဒီဇင်ဘာ ၁၄


အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သောပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေ သော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ် များပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံး များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်၊ အင်ပင်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းအား ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် အကြမ်းဖက် သမားများက ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ရာ ၁၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး အစည်းအဝေးခန်းမဆောင်အတွင်း စတိတ်စင် တစ်ခု၊ သစ်သားစားပွဲ ၁၂ လုံး၊ သစ်သားကုလားထိုင် ၁၀ လုံးနှင့် ကော်ဇောလိပ်တစ်ခုတို့ မီးလောင်ပျက်စီးပြီး အခင်းဖြစ်ရာနေရာအနီးမှ ဓာတ်ဆီနံ့ရဘူးခွံနှစ်ခု တွေ့ရှိသိမ်းဆည်းရမိသည်။


အလားတူ ဒီဇင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ် ခဲ့ရာ ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားပြီး ကျောင်းသစ်သားကြမ်းခင်း မီးလောင်ပျက်စီးသွားသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ