နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို တိုက်ခိုက်မည့်အကြံအစည်မရှိကြောင်း ရုရှား ငြင်းဆို

မော်စကို    ဒီဇင်ဘာ  ၁၀


ယူကရိန်းကိုကျူးကျော်ရန် စီစဉ် နေသည်ဆိုသောသတင်းများကို ရုရှား စစ်ဦးစီးချုပ် ဗယ်လ်ရာရီဂါရာစီမော့က မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။ ဒီဇင်ဘာ ၉ ရက်က မော်စကိုမြို့တွင် ပြုလုပ်သည့် စစ်သံမှူးများအတွက် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းကို ကျူးကျော်ဝင်ရောက်တော့မည် ဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်သော အချက် အလက်အားလုံးမှာ လိမ်ညာမှုဖြစ် ကြောင်း ဂါရာစီမော့က ပြောကြား လိုက်ခြင်းဖြစ်သည်။  


ရုရှားသည် ယင်း၏ကိုယ်ပိုင်နယ် မြေတွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ဆောင်ရွက်ခြင်းအတွက် အခြားနိုင်ငံ များကိုအကြောင်းကြားရန် မလိုအပ် ကြောင်းပြောကြားထားပြီး တိုက်ခိုက် ရေးလေ့ကျင့်မှုအတွင်း တပ်ဖွဲ့များကို  ပြန်လည် နေရာချထားခြင်းမှာလည်း နိုင်ငံအသီးသီးရှိ လက်နက်ကိုင်တပ်ဖွဲ့ များအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ 


ယင်းစစ်ရေးလှုပ်ရှားမှုမှာ အမျိုး သား နယ်မြေအတွင်း လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက်  အကြောင်းကြားရန် မလိုအပ်ကြောင်း၊ အလိမ်အညာ သတင်းများမပျံ့နှံ့စေလိုကြောင်း ပြော ကြားထားသည်။

(ref:AFP)






အခြားဆက်စပ်သတင်းများ