နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် ဆာလောင်မွတ်သိပ်မှုပြဿနာရှိနေ

နယူးယောက်   ဒီဇင်ဘာ  ၁၀


အမေရိကန်အစိုးရ စိုက်ပျိုးရေးဌာန ၏အချက်အလက်များအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်နိုင်ငံသည် အစားအစာဖူလုံရေးနှင့် ပတ်သက်ပြီး မည်သို့သော တိုးတက်မှုတစ်စုံတစ်ရာ ကိုမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း အချက်အလက်များတွင် ဖော်ပြထား သည်။  


ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ အိမ်ထောင်စုပေါင်း ၁၃ ဒသမ ၈ သန်း သို့မဟုတ် ၁၀ ဒသမ ၅ ရာခိုင်နှုန်းသော အိမ်ထောင်စု များသည် အစားအစာဖူလုံမှုမရှိသော ပြဿနာနှင့်ရင်ဆိုင်နေရကြောင်း အစိုးရ အချက်အလက်များတွင် ဖော်ပြထား သည်။ 


၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၁၃ ဒသမ ၈ သန်းသည်  လုံလောက်သော ငွေကြေးမရှိခြင်းနှင့် အရင်းအမြစ်မရှိ ခြင်းတို့ကြောင့် လုံလောက်စွာအစား အစာရရှိရန် ခက်ခဲသောပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း အချက်အလက် တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ အစားအစာမွတ်သိပ်မှု အဓိကရင်ဆိုင် နေရသူများသည် လူမည်းများနှင့်လူညို များဖြစ်ပြီး အိမ်ထောင်စုအတွက် အစား အစာမလုံလောက်သော ပြဿနာကို ရင်ဆိုင်ခဲ့ရသော အိမ်ထောင်စု ၁၅ ရာခိုင်နှုန်းခန့်တွင် ကလေးငယ်များ ရှိသော အိမ်ထောင်မိသားစုများဖြစ် သည်။  


လက်တင်လူမျိုး သို့မဟုတ် လူမဲ အိမ်ထောင်စုများ ၁၀ ခုတွင် ၄ ခုခန့်ဟာ အစားအစာဖူလုံမှုမရှိသောပြဿနာနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ABC သတင်းဌာန ၏ ၂၀၂၀ မြို့ပြတည်ပုံစံလေ့လာချက် တွင် ဖော်ပြထားသည်။ ထိုပမာဏသည် အစားအစာဖူလုံမှုပြဿနာကို ရင်ဆိုင် နေရသော လူဖြူများထက် သုံးဆ မြင့်မားနေသည်။                  (ref: AP)






အခြားဆက်စပ်သတင်းများ