နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့် လာအိုရထားလမ်းဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး မြင့်တက်

ကူမင်း   ဒီဇင်ဘာ  ၁၀


တရုတ်-လာအို ရထားလမ်းဖွင့်လှစ် ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေး ထိရောက်မှုနှုန်းတိုးမြင့်လာရာ ကုမ္ပဏီ အဖွဲ့အစည်းနှင့် လာအိုနိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခြေ အနေသစ်များ ပွင့်လန်းလာသည်။


“တရုတ်-လာအို ရထားလမ်းဖြင့် ပထမဆုံး သဘာဝရော်ဘာကုန်ပစ္စည်း ရထားတွဲကို လက်ခံပို့ဆောင်ခဲ့ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွါး ဖော်ဆောင်ခြင်း အခြေခံမူဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ တရုတ်ယွမ်ငွေ ၂၄ ဒသမ ၄၆ သန်းထည့်ဝင်ခဲ့သည်။


ထို့ပြင်လာအိုနိုင်ငံရှိ ပြည်သူ့အခြေခံ အဆောက်အအုံများကို ကောင်းမွန် အောင်ပြုပြင်ဆောင်ရွက်ခဲ့ပြီး လာအို နိုင်ငံတွင် Yunnan Agricultural Reclamation ရော်ဘာကုမ္ပဏီလုပ်ငန်း တည်ထောင်ကာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ရော်ဘာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိသည်။ 


လက်ရှိတွင် သက်ဆိုင်ရာဌာနများ နှင့်အတူ လာအိုရော်ဘာထုတ်လုပ်မှု လုပ်ငန်း သုတေသနစီမံကိန်းများအတူ တည်ဆောက်လျက်ရှိသည်။  Yunnan Agricultural Reclamation ရော်ဘာ ကုမ္ပဏီ Group သည် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူဝါဒ အထောက်အပံ့ပေးခြင်း၊ ကုမ္ပဏီလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက် ခြင်း၊ ဈေးကွက်အသွင်ပြောင်းဆောင် ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်ထိ လာအိုနိုင်ငံ၏         ပြည်နယ်လေးခုရှိ ခရိုင်ဆယ်ခုတွင် ရော်ဘာစိုက်ပျိုးရေးသရုပ်ပြဇုန် ၂၁ ခု တည်ဆောက်ထားပြီး ပြည်တွင်းပြည်ပ အလုပ်သမားဝန်ထမ်း ၂၀၀ နီးပါး ခန့်အပ်ထားသည်။                (ref:BBC)






အခြားဆက်စပ်သတင်းများ