နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားတွင် အိုမီခရွန်မျိုးကွဲကူးစက်သူ ၂၂၀ ဦးရှိ ၉ ဦးသေဆုံး

ဂျကာတာ   ဒီဇင်ဘာ  ၁၀


အင်ဒိုနီးရှားတွင် အိုမီခရွန်ကူးစက် သူ အရေအတွက် ၂၂၀ ကို ထပ်မံတွေ့ရှိ သဖြင့် ကိုဗစ်ကူးစက်ခံရသူအရေ အတွက်မှာ တစ်နိုင်ငံလုံးတွင်  ၄၂၅၈, ၅၆၀ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက် သည်။  


ဝန်ကြီးဌာနအစီရင်ခံစာအရ နိုင်ငံ အတွင်း အိုမီခရွန် ကိုဗစ်မျိုးကွဲကြောင့် သေဆုံးကိုးဦးအထိရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၄၃၉၁၈ ဦးရှိခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ပြန်ကောင်းမွန်လာသူ အရေအတွက်မှာ ၂၉၆ ကျော်ရှိလာခဲ့ရာ စုစုပေါင်း ပြန်လည်ကောင်းမွန်လာသူ အရေအတွက် ၄၁၀၉၃၆၄ ရှိလာပြီ ဖြစ်သည်။ 


နိုင်ငံတော်အစိုးရအနေဖြင့် စစ်တမ်း အသေးစိတ်ကို ယခုလတတိယပတ် တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အင်ဒိုနီးရှားအာဏာပိုင်များကမူ တရုတ် Sinovac ကာကွယ်ဆေးအရေးပေါ် အသုံးပြုမှုကို နိုင်ငံအတွင်း ထိုးနှံပေး ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။  အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း လူပေါင်း ၂၀၈ ဒသမ ၂ သန်းကို ကာကွယ်ဆေး အပြည့်အစုံထိုးနှံရန် ရည်မှန်းထားသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ