နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်ရေဆိုးအတွင်း အိုမီခရွန် မျိုးဗီဇပြောင်းပိုး တွေ့ရှိ

ဟူစတန်   ဒီဇင်ဘာ  ၉


အမေရိကန်နိုင်ငံ၊ အလယ်ပိုင်းတက္ကဆက်စ်ပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ဟူစတန်မြို့၌ စွန့်ပစ်ရေဆိုးထဲတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းပိုး အိုမီခရွန်ကို တွေ့ရှိခဲ့သဖြင့် မျိုးဗီဇအသစ်၏ ဒေသတွင်းပျံ့နှံမှုကို အတည်ပြုလိုက်ကြောင်း ဟူစတန်မြို့တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။  


ဟူစတန်မြို့သည် စွန့်ပစ်ရေဆိုးသန့်စင်ရေးစက်ရုံ ၃၉ ရုံအနက် ရှစ်ရုံတွင်       အိုမီခရွန်မျိုးဗီဇပြောင်းပိုးအားတွေ့ရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြမှုများအရ သိရသည်။   ဟူစတန်မြို့၏  အကြီးဆုံးကောင်တီတစ်ခုဖြစ်သည့် Harris ကောင်တီ၌ နေထိုင်သည့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် တက္ကဆက်စ်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းပိုးကူးစက်ခံရသော ပထမဆုံးလူနာအဖြစ် ဒီဇင်ဘာပထမပတ်က အတည်ပြုခဲ့ကြောင်း တက္ကဆက်စ် ပြည်နယ်ကျန်းမာရေးဝန်ဆောင်မှုများဌာနမှ သိရသည်။  


အဆိုပါအမျိုးသမီးသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူ ဖြစ်ပြီး လတ်တလော ခရီးသွားလာမှုမှတ်တမ်းမရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။  နိုဝင်ဘာ ၂၄ ရက်က တောင်အာဖရိကနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ သည့် အိုမီခရွန်မျိုးဗီဇပြောင်းပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက စိုးရိမ် ပူပန်ဖွယ်မျိုးဗီဇကွဲအဖြစ် စာရင်းသွင်းထားသည်။                          (ref:Reuters)






အခြားဆက်စပ်သတင်းများ