နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယားတော်ဝင်မင်းသားကြီး Ranariddh ရုပ်အလောင်းကို တော်ဝင်နန်းတော်ဘေးတွင် မီးသဂြိုဟ်

ဖနွမ်းပင်   ဒီဇင်ဘာ  ၉


ကမ္ဘောဒီးယားနိုင်ငံ၏ တော်ဝင် မင်းသားကြီး Norodom Ranariddh ၏ ရုပ်အလောင်းကို မြို့တော်ဖနွမ်းပင် မြို့၏  တော်ဝင်နန်းတော်ဘေးရှိ ပန်းခြံ တစ်ခု၌  ယမန်နေ့က ခမ်းနားသော ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာဖြင့် မီးသဂြိုလ်လိုက်သည်။  


Funcinpec ပါတီဥက္ကဋ္ဌနှင့် ဘုရင်မင်းမြတ်၏ အဓိပတိအကြံပေး ကောင်စီဥက္ကဋ္ဌဖြစ်သူ Ranaridh သည် နာမကျန်းမှုကြောင့်  ပြင်သစ်နိုင်ငံ၌ နိုဝင်ဘာ ၂၈ ရက်က ကွယ်လွန်ခဲ့ပြီး ၎င်း၏ ရုပ်အလောင်းအား ကမ္ဘောဒီးယားနိုင်ငံသို့   ရိုးရာဈာပန အခမ်းအနားဖြင့် ပြန်လည်ပို့ဆောင် သည်။ 


ယမန်နေ့က Ranariddh ၏ ရုပ်အလောင်းကို နန်းတော်ဘေးရှိ ၎င်း၏ ယခင်နေအိမ်မှ ၁ ဒသမ ၅ ကီလိုမီတာအကွာ ပန်းခြံတွင် မီးသဂြိုလ်ရန်  စီတန်းလှည့်လည်ကာ အလေးထားမှု ပြသသည့်အနေဖြင့် တစ်နိုင်ငံလုံးတွင် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူထားသည်။ 


ဈာပနအခမ်းအနားသို့ ညီတော်  ဘုရင်မင်းမြတ်ဖြစ်သူ Norodom Sihamoni နှင့် မယ်တော်မိဖုရားကြီး  Norodom Monineath Sihanouk၊ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့် ဂုဏ်သရေရှိဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 


Ranariddh သည် ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ပထမဆုံးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟောင်းအဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။ 

၎င်း၏ သက်တမ်းတစ်လျှောက် တိုင်းပြည်ရေး၊ သာသနာရေးနှင့် ဘုရင် စနစ်အတွက် များစွာအထောက်အကူ ပြုခဲ့ကြောင်း   Hun Sen   ပြောကြား သည်။                               (ref: BBC)






အခြားဆက်စပ်သတင်းများ