နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါစစ်ဆေးမှုမလုပ်မီအထိ နေအိမ်တွင်သာ အလုပ်လုပ်မည်ဖြစ်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ   ဒီဇင်ဘာ  ၉


ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) သည်ကိုဗစ်-၁၉ ရောဂါရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ သည့်အတွက် လက်ရှိလုပ်ဆောင်မှုများ ကိုရွှေ့ဆိုင်းထားပြီး ရောဂါစစ်ဆေးမှု မလုပ်မီအထိ နေအိမ်တွင်သာ အလုပ် လုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။ လက်ရှိတွင် သီးသန့်ခွဲခြားနေထိုင် လျက်ရှိကြောင်း ၎င်း၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောသည်။  


အထွေထွေ အတွင်းရေးမှူးချုပ် သည် မူလက ဒီဇင်ဘာ ၈ ရက်တွင် ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် စီစဉ်ထားကြောင်းနှင့် ဒီဇင်ဘာ ၉ ရက်တွင် အကြမ်းဖက်မှုနှင့် ရာသီဥတုပြောင်းလဲခြင်း အခြေအနေ ဆိုင်ရာ လုံခြုံရေးဆိုင်ရာ လုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေး၌ စကားပြောကြားရန် ရည်မှန်းထား သည်။  


ထို့ပြင် မဟတ်တန်မြို့လယ်တွင် ဒီဇင်ဘာ ၈ ရက် ညပိုင်း၌ပြုလုပ်မည့် ကုလသမဂ္ဂ သတင်းထောက်များ အသင်း နှစ်ပတ်လည်ညစာစားပွဲသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် စီစဉ်ထားခြင်းကိုလည်း ပယ်ဖျက်ခဲ့ရ သည်။ 

(ref:Reuters)






အခြားဆက်စပ်သတင်းများ