နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

ဘာလင်   ဒီဇင်ဘာ  ၉


တိုင်းပြည်၏ ဒုတိယကမ္ဘာစစ်အပြီး နဝမမြောက် ဝန်ကြီးချုပ်အဖြစ် ဂျာမနီ လွှတ်တော်က အိုလပ်ဖ်ရှော့ဇ် (Olaf Scholz) ကို တင်မြှောက်လိုက်ပြီ ဖြစ်သည်။ ရှော့ဇ်ကို ဝန်ကြီးချုပ်အဖြစ် ဂျာမနီသမ္မတက ခန့်ထားလိုက်ပြီး ယမန်နေ့ နေ့လယ်ပိုင်းတွင် အောက် လွှတ်တော်ဥက္ကဋ္ဌရှေ့၌ ကျမ်းသစ္စာ ကျိန်ဆိုသည်။ 


ဂျာမနီဝန်ကြီးချုပ် Angela Merkel အနေဖြင့် ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး သည့်နောက် အပြောင်းအလဲကာလ အသစ်ကို စဖွင့်လိုက်ခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေးတွင် အမတ် ၃၉၅ ယောက်က ယင်းကိုထောက်ခံခဲ့ ကြခြင်းဖြစ်သည်။  


အောက်လွှတ်တော်တွင် အမတ် နေရာ ၇၃၆ နေရာရှိသည့်အနက် အိုလပ်ဖ်ရှော့ဇ်၏ သုံးပါတီညွန့်ပေါင်း အဖွဲ့က အမတ်နေရာ ၄၁၆ နေရာရရှိ ထားသည်။ 


ဂျာမနီကို ပိုမိုခေတ်မီတိုးတက် အောင်လုပ်ပြီး ရာသီဥတုအပြောင်း အလဲကို ဟန့်တားမည်ဆိုသည့် မျှော်လင့်ချက်နှင့် ရှော့ဇ်အစိုးရတက် လာခြင်းဖြစ်သော်လည်း လက်ငင်း ရင်ဆိုင်နေရသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဖြစ်သည်။              (ref:BBC)






အခြားဆက်စပ်သတင်းများ