နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်စီးပွားရေး ၂၀၂၂ တွင် ကျဆင်းမည်ဟု ခန့်မှန်း

ဝါရှင်တန် ဒီဇင်ဘာ  ၈


၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု သည် နောက်ဆုံးတွေ့ရှိထားသော အိုမီခရွန် ကိုဗစ်မျိုးကွဲ ကြောင့် မရောရာ၊ မသေချာမှုများ ဖြစ်ပေါ်လာပြီးနောက် တိုးတက်မှုမှာ ၃ ဒသမ ၈ ရာခိုင်နှုန်းတွင်သာ ရှိလာနိုင် ကြောင်း နိုင်ငံတွင်းစီးပွားရေးပညာရှင်များက ခန့်မှန်းလိုက် သည်။ 


ခန့်မှန်းချက်များကို ယခင်က လာမည့် ၂၀၂၂ ခုနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ယခုနောက်ဆုံးခန့်မှန်း ချက်မှာမူ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 


အိုမီခရွန် မျိုးကွဲ ဗိုင်းရပ်စ်သည် လျင်မြန်စွာပြန့်ပွားနေပြီး ဗိုင်းရပ်စ်ကို ခုခံကာကွယ်ပေးမည့် ခုခံအားမှာလည်း အနည်းငယ်လျှော့သွားနိုင်ခြင်းကြောင့် စီးပွားရေးမှာ အနည်းငယ်သာ နှေးကွေးလာလိမ့်မည်ဟုထင်ကာ ပေါ့ဆနေကြကြောင်း ပညာရှင်များက ပြောသည်။ 


အများစုသည် ထပ်မံဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ ကြောင့် လုပ်ငန်းခွင်ပြန်ဝင်ရန် ဆန္ဒမရှိသေးသည့်အတွက် အလုပ်သမားလိုအပ်ချက်ပြဿနာမှာလည်း ရေရှည်ဖြစ်ပေါ် မည့် စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ယင်းတို့က သုံးသပ်ပြ သည်။ 


ထို့ပြင် အမေရိကန်တွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကုန်စည်များပြတ်လပ်နိုင်ပြီး အခြားနိုင်ငံများကလည်း တင်းကျပ်သည့် ကိုဗစ်ဆိုင်ရာ စည်းကမ်းများကို ချမှတ်သင့် ကြောင်း၊ သို့ရာတွင်  ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုဘဏ် လုပ်ငန်း၊ လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုကုမ္ပဏီ တစ်ခုဖြစ်သည့် Goldman Sachs ၏ ထုတ်ပြန်ပြောကြား ချက်အရ နိုင်ငံခြားကုန်သွယ်ရေး မိတ်ဖက်များအကြား ကာကွယ်ဆေးထိုးနှံမှုကြောင့် ဆိုးရွားသည့်ကုန်စည် ပြတ်လပ်မှုကိုမူ မဖြစ်နိုင်ကြောင်း သိရသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ