နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနှင့် မလေးရှား သွားရောက်ရန်ရှိ

ဝါရှင်တန် ဒီဇင်ဘာ  ၈


အရှေ့တောင်အာရှနှင့် ထိတွေ့ ဆက်ဆံမှုများကို အရှိန်မြှင့်လုပ်ဆောင် သည့်အနေဖြင့် ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် လာမည့် သီတင်းပတ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများကို သွားရောက်ရန် ရှိနေကြောင်း သိရသည်။ 


ဒေသတွင်း တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှုကို တန်ပြန်ထိန်းကွပ်နိုင်ရေး အတွက် အရှေ့တောင်အာရှသည် အရေးပါကြောင်း သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ယူဆထားခြင်းဖြစ်သည်။ 


ဝန်ကြီးဘလင်ကင်သည် အင်ဒိုနီးရှား နိုင်ငံ မြို့တော်ဂျကာတာကို ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် သွားရောက်မည်ဖြစ်ပြီး မလေးရှားနိုင်ငံ ကိုမူ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် များတွင် သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပရေးရာဌာနက ညွှန်ကြားရေးမှူး  Gede Ngurah Swajaya က အတည်ပြုပြောကြား သည်။ 


ခရီးစဉ်များအတွင်း ဝန်ကြီး ဘလင်ကန်သည် ကျန်းမာရေး၊ ရင်းနှီး မြှုပ်နှံမှုအပါအဝင် အခြေခံအဆောက် အဦးနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး  ဒီဇင်ဘာ ၉ ရက်နေ့တွင်လည်း Bali  Democracy Forum တွင် အွန်လိုင်း မှ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ