နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂြိုဟ်ပတ်လမ်းပေါ်မှ ထပ်ဆင့်သတင်းပို့ဆက်သွယ်ရေး တရုတ်-ဥရောပ မားစ်ဂြိုဟ်စူးစမ်းရေးအာကာသယာဉ်ဖြင့် စမ်းသပ်အောင်မြင်

ပေကျင်း  ဒီဇင်ဘာ  ၈


တရုတ်နိုင်ငံ၏ Tianwen-1 နှင့် ဥရောပအာကာသအေဂျင်စီ(ESA) ၏ Mars Express အဖွဲ့တို့ ပူးပေါင်းကာ Zhurong မားဂြိုလ်စူးစမ်းရေး စက်ရုပ်နှင့် Mars Express မားဂြိုဟ် အာကာသစခန်း ပြုပြင်ရေးယာဉ် တို့ဖြင့် ဂြိုဟ်ပတ်လမ်းပေါ်တွင် ထပ်ဆင့် ဆက်သွယ်သတင်းပို့မှုကို စမ်းသပ်ခဲ့ရာ အောင်မြင်ကြောင်း သိရ သည်။ 


စမ်းသပ်မှုပြုလုပ်ရာတွင် နှစ်ဖက် လုံးရှိ စမ်းသပ်ရေးကိရိယာတို့တွင် ညွှန်ကြားရေးအမိန့်များ ပြုလုပ်ပြီး သတ်မှတ်အချိန်တွင် Zhurong မှ MarsExpress သို့ စမ်းသပ်ဒေတာ များကိုပို့ဆောင်ပေးရာ ဆက်သွယ်ပို့ ဆောင်နိုင်သည့် အကွာအဝေးသည် ကီလိုမီတာ ၄၀၀၀ ဖြစ်ပြီး ဆက်သွယ်မှု ကြာချိန်သည် ၁၀ မိနစ်ဖြစ်သည်။ 


MarsExpress က ဒေတာများကို လက်ခံရရှိပြီးနောက် ဥရောပအာကာသ အေဂျင်စီ ESA ဆိုင်ရာ အာကာသ စူးစမ်းလေ့လာမှု ထိန်းချုပ်ရေးစခန်းကို သတင်းပို့သည်။ ထိုမှတစ်ဆင့် ဥရောပ အာကာသလှုပ်ရှားမှုစင်တာ ESOC ကို သတင်းပို့ပြီးနောက် ESOC မှ ပေကျင်း အာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး စင်တာကို ပို့ဆောင်သည်။


ထို့နောက် တရုတ်နည်းပညာ အသင်းမှ ပို့ဆောင်ထားသည့် ဒေတာကို မှန်၊ မမှန်ကို စစ်ဆေးကြောင်းသိရ သည်။ တရုတ်နှင့် ဥရောပအနေဖြင့် ယခုတစ်ခေါက်စမ်းသပ်စစ်ဆေးမှုကို အခြေခံကာ ထပ်ဆင့်သတင်းပို့မှု ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဆင့် ချင်းထပ်မြှင့်ကာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


(ref:BBC)






အခြားဆက်စပ်သတင်းများ