နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်

ရန်ကုန်    ဒီဇင်ဘာ   ၈


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ကြီးကြပ်မှုဖြင့်  ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်းMask Campaign လှုပ်ရှားမှုကို ဆရာစံရပ်ကွက်စက်မှု(၁)လမ်းရှိ ဆရာစံ ပန်းခြံရှေ့နှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗဟန်းမြို့နယ် ရဲတပ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့များက မြန်မာနိုင်ငံကူးလက်မှတ် ဆောင်ရွက် ရန်တန်းစီစောင့်ဆိုင်းနေသူများ   လမ်းတစ်လျှောက် ဆိုင်ကယ်စီး လာသူများ၊ အနှေးယာဉ်လုပ်သားများ၊ လမ်းလျှောက်သူများ၊         နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသူများကို  နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးသည်။                                         

လှလှထွေး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ