နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ပန်ကျေးရွာတွင် ပဲတီစိမ်းစိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန်    ဒီဇင်ဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် လက်ပန်ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တွင် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက စားသုံးသူ‌ရေးရာဦးစီးဌာန၊ စိုက်ပျိုး‌ရေး ဦးစီးဌာနနှင့် ပဲပြည်ပတင်ပို့‌ရောင်းချသည့် ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂ဝ၂၁-၂၀၂၂ စိုက်ပျိုးရာသီ၌ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များက ပဲတီစိမ်း စိုက်ပျိုးရေးဆိုင်ရာ GAP/GHP နည်းစနစ် များနှင့်အညီ စိုက်ပျိုး‌ရေး၊ တောင်သူ အသိပညာပေးသင်တန်း ပို့ချသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး ဦးရွှေဖြူက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ပဲပြည်ပတင်ပို့ရောင်းချသည့် ကုမ္ပဏီများ (ကိုယ်စား) Bright Light ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမောင်မြင့်က ပဲဈေးကွက်အခြေအနေကို ရှင်းလင်းသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဒေါက်တာ စန်းစန်းဝင်း သီးနှံပိုးမွှားကာကွယ်ရေး တာဝန်ခံ၊‌ ဒေါ်ဝင်းဝင်းမိုး မြေအသုံးချရေး တာဝန်ခံ၊ ဒေါ်ဆွေဆွေဦး မျိုးစေ့တာဝန်ခံ နှင့်ကျွမ်းကျင်ပညာရှင်တို့က သင်တန်းပို့ချ ပေးကာ တောင်သူတို့သိရှိလိုသည့်‌ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းပြီး သင်တန်းသား တောင်သူ ၈၇ ဦး တက်ရောက်သည်။             ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ