နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ပြည့်မြဲစွမ်းအင်

ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက် ပို၍ပူနွေး လာသည်။ ယင်းကို အကြောင်းပြု၍ ဒေသအသီးသီး၏ရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ကြီးသည် ကမ္ဘာတစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။


သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထား ရာ၊ အကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ် သည်။


ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။ ရေမှရသော ရေအားလျှပ်စစ် စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ နိုင်ငံ ၏ လူဦးရေမြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့ တခြားတိုးပွားလျက်ရှိသည်။


တိုးပွားလာသည့် အနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ် ဓာတ်အားထုတ်ယူမှုများသည် သဘာဝပတ်ဝန်းကျင်မထိခိုက်စေ ရေးအတွက် ရေရှည်စဉ်းစားရမည့်အချက်ဖြစ်ပေသည်။ ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှပေသည်။


လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့် စွန့်ပစ်လောင်စာတို့သည် သဘာဝအလျောက်ထုတ်ယူမကုန်သည့် စွမ်းအင်များဖြစ်ပေသည်။ မြန်မာနိုင်ငံသည် ရေအား၊ လေအား၊ နေအား အစရှိသည့် ပြန်လည် ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သဖြင့် သဘာဝက ပေးထားသည့် အားသာချက်ကိုအသုံးချပြီး နေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို အကောင်အထည် ဖော်တည်ဆောက်လျက်ရှိသည်။


နေရောင်ခြည်စွမ်းအင်စက်ရုံများ     တည်ဆောက်ရာတွင် လိုအပ်သည့် မြေဧကများစွာလိုအပ်ရာ နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး ဆောင်ရွက်ရန်ခက်ခဲသည့်မြေများနှင့် အပူပိုင်းဒေသလွင်တီးခေါင် ပြင်မြေများတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ  နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံများကို အကောင်အထည်ဖော်လျက်ရှိသည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး ရှိ   မဂ္ဂါဝပ် ၃၀    သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို ဒီဇင်ဘာ ၅ ရက်က ဖွင့်လှစ်ရာ မြန်မာနိုင်ငံတွင်      ဒုတိယ မြောက်   အကောင်အထည်ဖော်    တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်လာသည်။


ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်၊ စွမ်းအင်လည်း လုံလောက်စေမည့် ပြန်လည်ပြည့်မြဲစွမ်းအင်ထုတ် ယူနိုင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန် အထူးလိုအပ်လျက်ရှိပေသည်။






အခြားဆက်စပ်သတင်းများ