နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း) အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၁ ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၇


လှိုင်သာယာအရှေ့ပိုင်း မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ၁/၂၀၂၁  ဖွင့်ပွဲကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ် မီးသတ်ဦးစီးဌာန ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက သင်တန်းဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူး ကြည်သာဇော်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမျိုးတင့်နှင့် မြို့ နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ တို့က နယ်မြေဒေသ လုံခြုံရေး အခြေအနေနှင့် မီးဘေးကာကွယ် ရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကြသည်။


ယင်းသင်တန်းကို   ကိုဗစ် စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ် ခြင်းဖြစ်ပြီး ပြည်သူများ မီးဘေး ကာကွယ်ရေးတွင် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ၊ မီး သတ်ဆေးဘူးများ၊ ရေလှောင် ကန်များ၊ အသေးစား မီးသတ် စက်များ အဆင်သင့်ထားရှိရေး တို့ကို အသိပညာပေးဆောင်ရွက် သွားနိုင်ရန် ပို့ချပေးသည်။


ခင်ဝင်းမူ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ