နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလအဝေးပြေးကားဝင်း ပုံမှန်ပြန်လည်ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၇


ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် များကို ဆက်သွယ်ပြေးဆွဲပေး သည့် ဒလမြို့နယ် အဝေးပြေး ယာဉ်လိုင်းကားဂိတ်ကို ယခင်က ခေတ္တပိတ်ထားခဲ့ရာမှ ယမန်နေ့ မှ စတင်၍ ယာဉ်လိုင်း ၂၄ လိုင်း အနက် ၁၄ လိုင်း ပြန်လည်ပြေး ဆွဲပြီဟု သိရသည်။


ဒလမြို့နယ်မှ ဒေးဒရဲ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်၊ မအူပင် စသည့် မြို့နယ်များကို နေ့စဉ် ပုံမှန် ပြေးဆွဲပေးလျက်ရှိရာ ယာဉ် လိုင်း ၂၄ လိုင်းအနက် ယခုဖွင့် လှစ်သည့် ယာဉ်လိုင်း ၁၄ လိုင်း တွင် ကက ယဉ်ငယ် တစ်စီးလျှင် ခရီးသည် ငါးဦး၊ မိုက်ခရိုဘတ်စ် တစ်စီးလျှင် ခရီးသည် ကိုးဦး၊ မီနီဘတ်စ်တစ်စီးလျှင် ခရီးသည် ၁၅ ဦးအထိ သတ်မှတ်ထားပြီး ကိုဗစ်စည်းကမ်းနှင့် အညီ ပြေးဆွဲခွင့်ပြုခြင်းဖြစ်သည်။


ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် လှိုင်သာယာမြို့နယ်များသို့ ပြေးဆွဲနေသော YBS ၄၇ (တွံတေး- လှိုင်သာယာ)၊ YBS ၄၈ (တွံတေး-ဒလ)၊ YBS ၄၉ (ကွမ်းခြံကုန်း-လှိုင်သာယာ)နှင့် YBS ၅၀ (ကွမ်းခြံကုန်း-ဒလ) ယာဉ်များကိုလည်း နေ့စဉ် ကားစီးရေ ၁၂၀ ကျော်နှင့် မိုက်ခရိုဘတ်စ်ကားစီးရေ ၁၂ စီး ခန့်ဖြင့် နေ့စဉ်ခရီးသည် ၆၀၀ ကျော်ခန့် သယ်ယူပို့ဆောင်ပေး လျက်ရှိသည်။  နိုင်လင်းကျော် (IPRD)






အခြားဆက်စပ်သတင်းများ