နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၇


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၁)ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ် ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုးက အမှာစကားပြောကြားသည်။


ထို့နောက်ဌာန ၁၅ ခုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ Mini Budget အတွင်း စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြသည်။


ဆက်လက်၍ ၂၀၂၁-၂၀၂၂ Mini Budget နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးက စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ သည်။


ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တက် ရောက် လာကြသည့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ တာဝန်ရှိသူများကအထွေ ထွေ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ရန်ကုန် တိုင်းဒေသကြီးကို Smart City ဖြစ်စေရေး ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် လုပ် ဆောင်ရာတွင်  e-Government  စနစ်ကိုအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ပါ ကြောင်း၊ ရုံးလုပ်ငန်းများကို ပြောင်းလဲလာသော ICT နည်း ပညာရပ်များဖြင့် ပေါင်းစပ် အသုံးပြု၍၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် ပိုမို လွယ်ကူ ထိရောက်စေရန် စွမ်းရည်ပြည့်ဝသောဝန်ထမ်း အဖွဲ့အစည်းတစ်ခု ဖြစ်လာစေ ရေး ဌာနဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကားတွင် ထည့် သွင်း ပြောကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ