နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့အထပ်မြင့်အဆောက်အအုံ မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်တပ်ဖွဲ့နှင့် ဆွေးနွေးနိုင်

ရန်ကုန် ဒီဇင်ဘာ ၇


ရန်ကုန်မြို့တွင် စက်မှုဇုန်များ အပါအဝင် လူနေအထပ်မြင့်အဆောက် အအုံများတည်ဆောက်ရာ၌ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့်  သဘာဝဘေး အန္တရာယ်တွင် ထိခိုက်မှု အနည်းဆုံးဖြစ် စေရန် ကြိုတင်စီမံထားရှိမှုကို  မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဆွေးနွေးနိုင် သည်။


မီးသတ်တပ်ဖွဲ့အနေဖြင့် အထပ်မြင့် အဆောက်အအုံများမီးလောင်မှုဖြစ် စဉ်များ၊ သဘာဝဘေးအန္တရာယ်နှင့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက် တပ်ဖွဲ့ တစ်ဖွဲ့လျှင် ၁၁၅ ဦးပါဝင်သော အထူးကယ်ဆယ်ရေးအဖွဲ့၁၅ ဖွဲ့ကို ဖွဲ့စည်းထားပြီး မြို့နယ်တစ်မြို့နယ် လျှင် ၃၅ ဦး ပါဝင်သော အထူးကယ်ဆယ် ရေးအဖွဲ့များဖြင့် မီးသတ်တပ်ဖွဲ့ဌာနချုပ် အထူးကယ်ဆယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း ထားသည်။ မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့အနေဖြင့် ပြည်သူတို့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ် နိုင်ရန် IT နည်းပညာဖြင့် 191 report app ကိုရေးဆွဲထားပြီး ပြည်သူများ အသုံးပြုသိရှိနို်ငရန် အဆိုပါ app အား download ပြုလုပ်ပြီး  မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့၏ website တွင် တင်ထားသည်။


“၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံမှာ ဟောင်ကောင်ပုံစံအထပ်မြင့် တိုက်ခန်းတွေ ဆောက်လာကြတယ်။ ပြီးတော့ အထပ်မြင့်မီးဘေးကာကွယ် ရေးနဲ့ပတ်သက်ပြီး အားနည်းခဲ့တယ်။ နောက်ပိုင်းမှာ အထပ်မြင့် မီးဘေး အန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး တော့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ  အင်ဂျင်နီယာအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ တယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့မှာ အထပ်မြင့်မီးဘေးကာကွယ်ရေးနဲ့ပတ် သက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာအရာရှိ ၁၀၀ ကျော်ရှိပါ တယ်။ ဒါကြောင့်အထပ်မြင့် အဆောက် အအုံနဲ့စက်မှုဇုန်တွေ မီးဘေးကြိုတင် ကာကွယ်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနိုင် ပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်မှညွှန်ကြားရေးမှုး(ဦးစီး)ဦးသိန်းထွန်းဦးက ပြောသည်။


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေ ဖြင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်ခဲ့ပါက ထိ‌ရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ရန်  ပြည်ပနိုင်ငံများသို့ လေ့ကျင့် ရေးသင်တန်းများ ‌စေလွှတ်ခြင်းနှင့် ဂျပန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ Fire Code များကိုလေ့လာ၍ အထပ်မြင့် အဆောက်အအုံများတည်ဆောက်ရာ၌ လိုက်နာရမည့်အချက်များ၊ ဘေး အန္တရာယ်ဖြစ်ပေါ်ပါက အထပ်မြင့် များတွင် နေထိုင်ကြသည့်ပြည်သူများဆောင်ရွက်ရ မည့်အချက်များပါဝင် သော နိုင်ငံတကာအဆင့်မီ Myanmar Fire Code ကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တွင် ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ အရ သုံးထပ်နှင့်အထက် အဆောက် အအုံများ  တည်ဆောက်ရာ၌ အဆောက်အအုံပုံစံကို မြန်မာနိုင်ငံ မီးသတ်ထပ်ဖွဲ့ထံ  ဦးစွာတင်ပြပြီး ဆက်လက်၍ မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြရကြောင်းနှင့် အဆိုပါ အထပ်မြင့်အဆောက်အအုံများ တွင် နေထိုင်ကြသည့် ပြည်သူများ မီးဘေးနှင့် သဘာဝဘေးရင်ဆိုင်ရပါက အန္တရာယ်ကင်းဝေးစေရန်နှင့် ထိခိုက် မှုအနည်းဆုံးဖြစ်စေရန်၊ အန္တရာယ် ကင်းစွာ နေထိုင်နိုင်စေရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

  သတင်း-၁၁၂ ၊ဓာတ်ပုံ - ဥသာ






အခြားဆက်စပ်သတင်းများ